မနေညက ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဧည့်သည်ချယ်လ်ဆီးက (၁)ဂိုး (၃)ဂိုး ပြန်အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်မှာ (၄)ဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်လက်ကစားခဲ့ရာ ဘန်ဇီမာရဲ့ အချိန်ပိုသွင်းဂိုးကြောင့် (၅)ဂိုး(၄)ဂိုးနဲ့ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းက လက်ရှိချန်ပီယံကို ကွာတားမှာပဲ ဖြုတ်ချသွားနိုင်ခဲ့ပါတယ်။

Why Antonio Rudiger screamed at N'Golo Kante as Karim Benzema breaks  Chelsea hearts vs Real Madrid - football.london

Photo Credit : Football London

စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၁)ဂိုး (၃)ဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရလဒ်ကို ကျော်လွန်ပြီး ရီးယဲလ်ကို ဖြတ်သန်းနိုင်ဖို့ဆိုတာ မလွယ်ကူပေမယ့် တကယ်တမ်းမှာတော့ မထင်ထားလောက်အောင် အကောင်းဆုံးခြေစွမ်းတွေနဲ့ ဘာနေဗျူးမှာ ရီးယဲလ်ကို (၃)ဂိုးပြတ်အထိနဲ့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အလွန်ဆိုရဲ့သွင်းဂိုးမှာ လက်ထိတယ်ဆိုပြီး ခွင့်မပြုခဲ့သလို လူစားဝင် ကစားသမားလေး ရိုဒရီဂိုက ရီးယဲလ်အတွက် အရေးတကြီး ချေပဂိုးကို သွင်းယူနိုင်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ်မှာ သရေကျနေခဲ့တဲ့အတွက် အချိန်ပို ဆက်ကစားရာ ဘန်ဇီမာကပဲ ရီးယဲလ်အတွက် အဖိုးတန်သွင်းဂိုးနဲ့ ရီးယဲလ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ရပါတယ်။

Chelsea's Rudiger rages after Alaba picks crestfallen defender up from ground  following loss to Real Madrid - Sportsdark

Photo Credit : The Sun

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါက ပွဲအပြီးမှာ အသင်းရဲ့ရှုံးပွဲကြောင့် အတော်လေး ပေါက်ကွဲခဲ့ရသလို ပြိုင်ဘက်အသင်းသား အလာဘာရဲ့ နှစ်သိမ့်အားပေးမှုကိုပါ ဒေါသတကြီးနဲ့ တုန့်ပြန်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ BT Sport ရုပ်သံနဲ့ အင်တာဗျူးရာမှာတော့ ရူဒီဂါက “အပြုသဘောဆောင်တာက ကျွန်တော်တို့ အရှုံးမပေးခဲ့ပဲ တိုက်ပွဲဝင်သွားခဲ့တာပါ။ အသင်းတော်တော်များများက ဒီနေရာကို လာရောက်ပြီး ကျွန်တော်တို့အသင်းလို လွှမ်းမိုးချုပ်ကိုင်မှုတွေ မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ်ကို ကျော်လွန်ဖို့အတွက် ကျွန်တော်တို့ လုပ်မိတဲ့ အမှားမျိုးဆိုရင်တော့ အပြစ်ပေးခံရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် အသေခံမလား ရှင်သန်အောင်လုပ်မလားဆိုတဲ့ အနေအထားမျိုးပါ။ ပွဲစခင်မှာတော့ ကျွန်တော်တို့ (၃)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ကြပါဘူး။ ဒါပေမယ့် မိုဒရစ် ဘန်ဇီမာတို့နဲ့အတူ သူတို့ရဲ့ တစ်ဦးချင်း အဆင့်အတန်းတွေ ပေါ်လွင်လာခဲ့ရပြီး ကျွန်တော်တို့လည်း ဒီနေရာမှာပဲ ရပ်တန့်သွားခဲ့ရတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။