အခု ဆောင်းဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်သူ ဘရာဇီးလ် လူငယ် ကွင်းလယ်ကစားသမားလေး အန်ဒရီဆန်းတို့စ်ဟာ လက်ရှိမှာတော့ ယူ-၂၀ တောင်အမေရိက ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲနေပြီး ပြိုင်ပွဲအတွင်းမှာလည်း အတော်လေးကို ခြေစွမ်းပြသလျက် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Flurry Sports
ဆောင်းဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေ များစွာ လုပ်ဆောင်ထားတဲ့ ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ် မာဒရစ်ခ်တို့အပြင် ဆန်းတို့စ်လို ဆယ်ကျော်သက် လူငယ်ကစားသမားလေးတွေကို ခေါ်ယူခဲ့ပြီး လက်ရှိမှာတော့ ဒီကစားသမားလေးဟာ ဘရာဇီး ယူ-၂၀အသင်းနဲ့ ယူ-၂၀ တောင်အမေရိကပြိုင်ပွဲကို ပါဝင်ဆင်နွဲလို့နေပါတယ်။ ဒီပြိုင်ပွဲက တောင်အမေရိက အသင်း(၁၀)သင်းကို (၅)သင်းတစ်အုပ်စုစီ ယှဉ်ပြိုင်စေပြီး အုပ်စု(၂)စုရဲ့ ထိပ်တန်း(၃)သင်းဆီက နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရပြီး အဲ့ဒီ(၆)သင်းက ပတ်လည် ပြန်ကစားကာ ယူ-၂၀ ကမ္ဘာ့ဖလားကို ဘယ်အသင်း ဆင်နွဲနိုင်မလဲဆိုတာ ဆက်လက် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Photo Credit : Twitter
လက်ရှိ ဒီပြိုင်ပွဲက ကျင်းပနေဆဲသာ ရှိနေပေမယ့် အုပ်စု(A)က ဘရာဇီးလ်အသင်းနဲ့ ပါရာဂွေးအသင်းတို့ဟာ (၃)ပွဲကစား (၇)မှတ်ကိုယ်စီနဲ့ နောက်တစ်ဆင့်ဆီ အသီးသီး တတ်လှမ်းနိုင်ပြီဖြစ်တဲ့အပြင် ဘရာဇီးအသင်းက ကစားသမားတွေဖြစ်တဲ့ ဗစ်တာရိုကရူးနဲ့ အန်ဒရေဆန်းတို့စ်တို့က (၃)ဂိုးစီ သွင်းယူထားကြပါတယ်။ ရိုကယူးက တိုက်စစ်ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဆန်းတို့စ်ကတော့ ကွင်းလယ်ကစားသမား ဖြစ်တဲ့အပြင် CM DM နေရာတွေမှာ ပိုမို ကစားတတ်သူလည်း ဖြစ်နေတာကြောင့် သူရဲ့ သွင်းဂိုးတွေက သူရဲ့ခြေစွမ်းကိုပါ ပိုပြီး ထင်ဟပ်စေပါတယ်။ ချယ်လ်ဆီးကလည်း ဒီကစားသမားလေးအတွက် ပြောင်းရွေ့ကြေး ယူရို(၁၂)သန်းခွဲအထိ အသုံးပြုပြီး ခေါ်ယူထားခဲ့တာဖြစ်ပြီး ဆန်းတို့စ်က ဘရာဇီးလ်ကလပ် ဗက်ဒစကိုဒါဂါးမားအသင်းမှာ ကစားနေစဉ် သူ့ကို မန်စီးတီး နယူးကာဆယ်အသင်းတွေကပါ အလိုရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲမှကို မစားထားသေးပေမယ့်လည်း ယူ-၂၀ပြိုင်ပွဲအတွင်း ပြသနေတဲ့ သူရဲ့ခြေစွမ်းတွေကြောင့် ဆန်းတို့စ်ရဲ့ တန်ကြေးက ပိုလို့တောင် မြင့်မားလာနိုင်ပြီး လာမယ့် အနာဂတ်မှာလည်း ချယ်လ်ဆီးကွင်းလယ်မှာ အားထားရတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။