MySport Myanmar

သွင်းဂိုး ပါဝင်ပတ်သက်မှုနှုန်း အထူးကောင်းမွန်နေတဲ့ ချယ်လ်ဆီး နောက်ခံကစားသမားများ

ဒီလိုအချိန်မှာက ဘောလုံးရာသီတစ်ခုရဲ့ ရာသီဝက်ကို ကျော်လွန်ပြီး လက်ကျန်ရာသီဝက်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ထားရပြီဖြစ်ပြီး ဘယ်အသင်းက တိုက်စစ်ပိုင်း အားသာနေတယ် ဘယ်အသင်က ခံစစ်ပိုင်း ကျစ်လစ်နေတယ်ဆိုတာကို ဘောလုံးပရိသတ်တွေ သေချာမြင်ထား သိထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ထူးခြားနေတာကတော့ ချယ်လ်ဆီးအသင်းပါ။ ချယ်လ်ဆီးအသင်းက ဒီရာသီမှာ သွင်းဂိုးတွေကို တိုက်စစ်ကစားသမားတွေကထက် ခံစစ်ကစားသမားတွေဆီကနေ ရရှိနေရတာက အတော်လေးကို ထူးခြားတဲ့ အချက်တစ်ခု ဖြစ်နေရပါတယ်။

Photo Credit : Dream Team

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းက နောက်ခံကစားသမားတွေအဖြစ် သီယာဂိုဆေးလ် အန်တိုနီယိုရူဒီဂါ အန်ဒရီယပ်စ်ခရစ္စတန်ဆန် ဆီဇာအက်ဇီပီလီကွယ်တာ ဘင်ချီဝဲလ် ရီးစ်ဂျိမ်းစ် ထရီဗော့ချာလိုဘာ မားကို့စ်အလွန်ဆိုနဲ့ မာလန်ဆားတို့ကို အသုံးပြုထားခဲ့ပြီး ဒီကစားသမားတွေထဲမှာ မာလန်ဆားတစ်ဦးတည်းသာ အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်ဆောင်ထားနိုင်တာဖြစ်ကာ ကျန်တဲ့ ကစားသမားတွေကတော့ အသင်းအတွက် ခံစစ်တာဝန် ကျေပွန်နိုင်တဲ့အပြင် ထူးခြားတာက သူတို့အားလုံးရဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှုနှုန်းဟာ (၄၂)ဂိုးအထိကို ရှိနေရပါတယ်။

Photo Credit : BdNews24

ဒီနှစ်ဘောလုံးရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ချယ်လ်ဆီးအသင်းအတွက် အသင်းရဲ့ခံစစ်ကစားသမားတွေ သွင်းယူပေးထားနိုင်ခဲ့တဲ့ သွင်းဂိုး အရေအတွက်က (၂၂)ဂိုးထိ ရှိနေရပြီး ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်တစ်ဦးတည်းက (၅)ဂိုးထိ သွင်းယူထားခဲ့ပါတယ်။ သူရဲ့နောက်မှာတော့ ဘင်ချီဝဲလ် ရူဒီဂါ သီယာဂိုဆေးလ်ဗားနဲ့ ချာလိုဘာတို့ကလည်း သွင်းဂိုး(၃)ဂိုးစီ အသီးသီး သွင်းယူထားခဲ့ကြသလို အလွန်ဆိုနဲ့ ခရစ္စတန်ဆန်တို့က (၂)ဂိုးစီနဲ့ အသင်းခေါင်းဆောင် အက်ဇီပီလီကွယ်တာက မနေ့ညက အက်အေဖလားပွဲစဉ်မှာ (၁)ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒီခံစစ်ကစားသမားတွေက အသင်းအတွက် ဂိုးတွေကို သွင်းယူပေးနိုင်ရုံ မဟုတ်ပဲ အသင်းရဲ့ သွင်းဂိုးတွေအတွက်ကိုပါ ဂိုးဖန်တီးမှုပေါင်း (၂၀)ကြိမ်အထိ ဖန်တီး ပြုလုပ်ထားနိုင်ပါတယ်။ ဂိုးဖန်တီးမှုမှာလည်း ရီးစ်ဂျိမ်းစ်ကသာ (၆)ကြိမ်နဲ့ အများဆုံး ဖြစ်နေရပြီး သူရဲ့နောက်မှာ ရူဒီဂါက (၄)ကြိမ်နဲ့ ဒုတိယ အလွန်ဆို အက်ဇ်ပီလီကွယ်တာတို့က (၃)ကြိမ်စီနဲ့ တတိယနေရာမှာ ရှိနေကြပါတယ်။ ချယ်လ်ဆီးအတွက် ဂိုးပါဝင်သတ်မှု (၁၁)ဂိုးအထိ ရှိထားခဲ့ရတဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ကတော့ ဒီရာသီမှာ သူရဲ့အသင်းဖော် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူ ဗာနာ ဟားဗက်ဇ် ဇီယက်ရှ်နဲ့ ပူလီဆစ်တို့ထက်ပါ သာလွန်နေရပါတယ်။

Exit mobile version