MySport Myanmar

ခြေစွမ်းပိုင်း တိုးတတ်မှု ရှိမလာရင် ကစားသမား များစွာကို ရှင်းထုတ်သွားမဲ့ ဘိုလီ

ချယ်လ်ဆီးအသင်းပိုင်ရှင် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီး တော့ဒ်ဘိုလီက အသင်းအနေနဲ့ ခြေစွမ်းပိုင်းတွေ ရလဒ်ပိုင်းတွေ တိုးတတ်လာခြင်း မရှိဘူးဆိုရင် လက်ရှိ ကစားသမားတွေထဲကမှ ကစားသမား တော်တော်များများကို ရှင်းထုတ်သွားဖွယ် ရှိလာနိုင်ပြီး ခရစ္စတီယန်ပူလီဆစ် ဟာကင်ဇီယက်ရှ်နဲ့ ကိုင်ဟာဗက်ဇ်တို့ပါ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Evening Standard

ဘိုလီဟာ ပြီးခဲ့တဲ့နှစ် မေလလောက်မှာပဲ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ စတင်ကာ အခု ဆောင်းဈေးကွက်အတွင်းထိ အသုံးစရိတ်ပေါင်း ပေါင်သန်း(၄၀၀)နီးပါးလောက် သုံးစွဲခဲ့ပြီး အသင်းအတွက် ကစားသမားပေါင်းများစွာ ခေါ်ယူထားပေးခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက လက်ရှိ ဘောလုံးရာသီအတွင်း ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲ နှစ်ခုလုံးကနေ စောစောစီးစီးပဲ ထွက်ခွာထားခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားအတွင်း အဆင့်(၁၀)နေရာထိပါ ရပ်တည်လို့နေပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာလည်း နိုင်ပွဲက (၁)ပွဲသာ ရှိထားခဲ့ပြီး (၃)ပွဲဆက်တိုက်အထိကို ရှုံးပွဲတွေ့ထားခဲ့ရပါတယ်။

Photo Credit : Bloomberg

လက်ရှိ ချယ်ဆီးအသင်းမှာ ဒဏ်ရာပြသာနာတွေက အတော်လေးကို ရင်ဆိုင်နေရပြီး ဒီပြသာနာတွေကြောင့် အသင်းရဲ့ ရလဒ်ပိုင်း စွမ်းဆောင်ရည်ပိုင်း ထိခိုက်နေတာ ဖြစ်နိုင်ပေမယ့် ဒဏ်ရာရ ကစားသမားတွေ ပြန်လည် သက်သာ ကောင်းမွန်လာချိန်မှာပါ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်လာခြင်း မရှိဘူးဆိုရင်တော့ ဘိုလီ အပါအဝင် ချယ်လ်ဆီးတာဝန်ရှိသူတွေက အသင်းရဲ့ ကစားသမား တော်တော်များများကို အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိလာနိုင်တယ်လို့ သိရှိရပါတယ်။ ဘိုလီအနေနဲ့ အခုနှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာရော ဆောင်းဈေးကွက်အတွင်းမှာပါ အသင်းအတွက် ကစားသမားသစ်တွေ တပုံကြီး ခေါ်ယူပေးခဲ့သလို အသင်းနည်းပြ အပြောင်းအလဲပါ လုပ်ဆောင်ထားပေမဲ့ အသင်းက ထင်ထားသလောက် ဖြစ်မလာတဲ့အတွက် စိတ်ပျက်မှုတွေ ဖြစ်လာခဲ့ရပြီး တကယ်လို့ ချယ်လ်ဆီးအသင်းအနေနဲ့ အခု ဘောလုံးရာသီမှာသာ စိတ်ကျေနပ်စရာ အဆင့်ရပ်တည်ချက် တစ်ခုခု မရနိုင်ခဲ့ရင် အသင်းက ကစားသမားတွေကို စုပြုံပြီး ရှင်းထုတ်လာနိုင်သလို လက်ရှိမှာ အချိန်ပေးထားသေးတဲ့ နည်းပြဂရေဟမ်ပေါ်တာကိုလည်း အသင်းကနေ ထုတ်ပယ်သွားနိုင်ပါတယ်။

Exit mobile version