ယခုႏွစ္ ေဘာလုံးရာသီမွာ ဘယ္ေနာက္ခံလူေတြရဲ့ အမွားအယြင္းေတြေၾကာင့္ ရမွတ္တခ်ိဳ႕ ဆုံးရွုံးခဲ့ရတဲ့ လန္ဒန္အေျခစိုက္ ခ်ယ္လ္ဆီး အသင္းကေတာ့ လက္စတာစီးတီးအသင္းနဲ႔ အတူ ဒီရာသီမွာ ေကာင္းမြန္တဲ့ေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ့ ဘယ္ေနာက္ခံလူ ဘန္ခ်ီဝဲလ္ကို ေခၚယူဖို႔အတြက္ သေဘာတူညီမွုရခဲ့ၿပီလို႔ သတင္းမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Evening Standard.com

ခ်ယ္လ္ဆီးအသင္းဟာ မားကို႔စ္အလြန္ဆို ၊ အီမာဆင္ စတဲ့ ဘယ္ေနာက္ခံလူ ႏွစ္ေယာက္ကို ပိုင္ဆိုင္ထားခဲ့ေပမယ့္ အလြန္ဆိုရဲ့ ခံစစ္စြမ္းေဆာင္ရည္ နိမ့္ပါးမွု ၊ အီမာဆင္ရဲ့ ေျခစြမ္း မတည္ၿငိမ္မွုေတြေၾကာင့္ ခ်ယ္လ္ဆီးနည္းၿပ လမ္းပတ္ဟာ ဘယ္ေနာက္ခံလူတစ္ဦးကို ေခၚယူေပးဖို႔ ခ်ယ္လ္ဆီးအသင္းထံ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းဘက္က ခ်ီဝဲလ္ ကို ေခၚယူဖို႔ လက္စတာထံကို ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Evening Standard.com

လက္စတာအသင္းဘက္က ခ်န္ပီယံလိဂ္ ဝင္ခြင့္ရဖို႔ နီးစပ္ေနတဲ့ အေနအထားမွာ အသင္းရဲ့ အဓိက ကစားသမားေတြကို လက္မလႊတ္လိုေပမယ့္ ဘန္ခ်ီဝဲလ္ဟာ ခ်ယ္လ္ဆီးအသင္းထံ ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမွုရခဲ့ၿပီ ျဖစ္တာေၾကာင့္ မျဖစ္မေန လက္လႊတ္ရဖို႔ ရွိေနေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Evening Standard.com

ခ်ယ္လ္ဆီးအသင္းဟာ ခ်ီဝဲလ္အတြက္ လက္စတာအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္၆၀သန္း ေပးေခ်ရမွာျဖစ္ေၾကာင္း သိထားရၿပီး လက္စတာအသင္းကေတာ့ ခ်ီဝဲလ္ရဲ့ ေနရာအတြက္ အစားထိုး ကစားသမားတစ္ဦးကို ရရွိမွသာ ခ်ီဝဲလ္ကို လက္လႊတ္မွာျဖစ္ကာ လက္ရွိမွာေတာ့ ေဆာက္သမ္တန္အသင္းရဲ့ ဘာထရန္ကို ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ယခုနှစ် ဘောလုံးရာသီမှာ ဘယ်နောက်ခံလူတွေရဲ့ အမှားအယွင်းတွေကြောင့် ရမှတ်တချို့ ဆုံးရှုံးခဲ့ရတဲ့ လန်ဒန်အခြေစိုက် ချယ်လ်ဆီး အသင်းကတော့ လက်စတာစီးတီးအသင်းနဲ့ အတူ ဒီရာသီမှာ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Evening Standard.com

ချယ်လ်ဆီးအသင်းဟာ မားကို့စ်အလွန်ဆို ၊ အီမာဆင် စတဲ့ ဘယ်နောက်ခံလူ နှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့် အလွန်ဆိုရဲ့ ခံစစ်စွမ်းဆောင်ရည် နိမ့်ပါးမှု ၊ အီမာဆင်ရဲ့ ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ ဘယ်နောက်ခံလူတစ်ဦးကို ခေါ်ယူပေးဖို့ ချယ်လ်ဆီးအသင်းထံ တောင်းဆိုခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းဘက်က ချီဝဲလ် ကို ခေါ်ယူဖို့ လက်စတာထံကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Evening Standard.com

လက်စတာအသင်းဘက်က ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်နေတဲ့ အနေအထားမှာ အသင်းရဲ့ အဓိက ကစားသမားတွေကို လက်မလွှတ်လိုပေမယ့် ဘန်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရခဲ့ပြီ ဖြစ်တာကြောင့် မဖြစ်မနေ လက်လွှတ်ရဖို့ ရှိနေကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Evening Standard.com

ချယ်လ်ဆီးအသင်းဟာ ချီဝဲလ်အတွက် လက်စတာအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်း ပေးချေရမှာဖြစ်ကြောင်း သိထားရပြီး လက်စတာအသင်းကတော့ ချီဝဲလ်ရဲ့ နေရာအတွက် အစားထိုး ကစားသမားတစ်ဦးကို ရရှိမှသာ ချီဝဲလ်ကို လက်လွှတ်မှာဖြစ်ကာ လက်ရှိမှာတော့ ဆောက်သမ်တန်အသင်းရဲ့ ဘာထရန်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။