MySport Myanmar

ဒီဂျောင်အတွက် ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းသွားဖို့ ready ဖြစ်နေတဲ့ ချယ်လ်ဆီး

လာမယ့် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတော့မယ့် နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ချယ်လ်ဆီးပါ ပါဝင်နေပြီး ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

အသက် (၂၆)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက အေဂျက်စ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီဂျောင်ဟာ လက်ရှိ ဘာစီလိုနာအသင်းမှာ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဘာစီလိုနာဘက်က စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းလျက် ရှိနေခြင်းအပေါ် မတုံ့ပြန်သေးပဲ အသင်းမှာပါ မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီဂျောင်ဟာ လက်ရှိ အသင်းအခြေအနေတွေအပေါ် စိတ်ပျက်လျက် ရှိနေတာကြောင့် လာမယ့် နွေဈေးကွက်အတွင်းမှာပဲ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတော့မယ်လို့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Photo Credit : The Independent

ဒီအခြေအနေကို ကလပ်အသင်း အများအပြားက အသုံးချသွားဖို့ ရှိနေပြီး အဓိကတော့ ဒီဂျောင်ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက ပိုမို ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက ယူနိုက်တက်ထက် လက်ဦးမှု ရယူနိုင်ဖို့ အလျင်အမြန် ကြိုးပမ်းလာဖို့ ရှိနေပြီး ဒီဂျောင်အတွက်ပါ ယူရို သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ပါ ဖြစ်နေပါတယ်။

ချယ်လ်ဆီးကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်ဇ် ၊ ကိုင်စီဒို ၊ လာဗီယာ ၊ ဂယ်လက်ဂါတို့ ရှိနေပေမယ့် လာဗီယာက မကြာခဏ ဒဏ်ရာရနေသလို ဂယ်လက်ဂါကိုလည်း လာမယ့်ဈေးကွက်မှာ ရောင်းချဖို့ ရှိနေတာကြောင့် ဒီဂျောင်ကို မဖြစ်မနေ ခေါ်ယူဖို့ ရှိနေပါတယ်။

Exit mobile version