မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ အင်္ဂလန် ယူ-၂၁အသင်းနဲ့ ပြင်သစ် ယူ-၂၁အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်အတွင်းမှာ အင်္ဂလန်က (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီး တောင်ပံကစားသမားလေး နွန်နီမာဒူအက်ခေမှာလည်း အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသသွားခဲ့ပါတယ်။

Photo Credit : Football London

အင်္ဂလန် ယူ-၂၁အသင်းဟာ စမစ်ရိုး အဲလိယက် စကစ်ပ် ဂစ်ဘ်ဝှိုက် အိန်ဂျယ်ဂိုးမက်စ်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့သလို ပြင်သစ် ယူ-၂၁အသင်းကလည်း ဘာဒီအက်ရှီလီ အိုလီဆေးနဲ့ ချာကီတို့လို ကစားသမားတွေကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်အတွင်းမှာတော့ ပြင်သစ်ဘက်က အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် သိပ် အသုံးမချနိုင်ခဲ့သလို အင်္ဂလန်ကလည်း အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့ပြီး ဂိုးတွေကိုတော့ ဒုတိယပိုင်းမှ စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒုတိယပိုင်းမှာ စမစ်ရိုးက ခေါင်းတိုက်ဂိုးနဲ့ အင်္ဂလန်အတွက် ဦးဆောင်ဂိုး စသွင်းယူပြီး (၆၆)မိနစ်မှာ စမစ်ရိုးနေရာ လူစားဝင်လာခဲ့သူ မာဒူအက်ခေက ဒုတိယဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဘယ်တောင်ပံ နေရာမှာ ခြေစွမ်းပြသခဲ့တဲ့ မာဒူအက်ခေရဲ့ ဖန်တီးမှုတွေကနေ နောက်ထပ် လူစားဝင် ကစားသမားတွေဖြစ်သော ကာတစ်ဂျုံးစ်နဲ့ ရမ်ဆေးတို့က တတိယဂိုးနဲ့ စတုတ္ထဂိုးတွေကိုပါ အသီးသီး သွင်းယူသွားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ မာဒူအက်ခေက တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်သာ ရှိသေးတဲ့ တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် ကစားသမားလေး မာဒူအက်ခေဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ နယ်သာလန်ကလပ် PSV အသင်းကနေ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ထားခဲ့သူဖြစ်ပြီး လက်ရှိမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ (၄)ပွဲ ကစားထားရပါတယ်။ မာဒူအက်ခေဟာ အရည်အသွေး ပြည့်ဝတဲ့ talented player ဆိုပေမယ့် လူငယ် ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်းမှာက ကစားသမား အရေအတွက် များပြားနေတာကြောင့် လာမယ့် ရာသီလောက်မှသာ ပွဲကစားခွင့်တွေ ပိုမို ရရှိလာဖွယ် ရှိနေပါတယ်။