ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမီလူလူကာကူကို အသင်းကနေ အငှားချသွားဖို့အတွက် အငှားခေါ်ယူခွင့် တန်ကြေးကို ပေါင်(၂၁)သန်းအထိ သတ်မှတ်ထားရာ လက်ရှိမှာတော့ ပေါင်(၁၀)သန်းအထိ လျှော့ချပေးသွားဖွယ် ရှိနေတာကြောင့် လူကာကူကို တစ်ရာသီအငှားနဲ့ ခေါ်ယူချင်နေတဲ့ အင်တာမီလန်အသင်းအတွက် အဆင်ပြေလာနိုင်တယ်လို့ သိရပါတယ်။

Chelsea give green light for Lukaku sale with Tuchel eyeing duo in  part-exchange

Photo Credit : TEAMtalk

ပြီးခဲ့တဲ့ နွေရာသီကမှ အင်တာမီလန်အသင်းကနေ အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ သူရဲ့ ပရီးမီးယားလိဂ် အပြန်ခရီးစဉ်က ခက်ခဲမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာတော့ အင်တာအသင်းဆီကိုသာ ပြန်သွားချင်နေသလို အင်တာကလည်း သူတို့ကစားသမားဟောင်းကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေပါတယ်။ ဒါပေမယ့် အင်တာက လူကာကူကို တစ်ခါတည်း အပြီးသတ် ပြန်လည်ခေါ်ယူနိုင်ဖို့ မလွယ်ကူတာကြောင့် တစ်ရာသီအငှားနဲ့ ခေါ်ယူပြီးမှသာ အပြီးသတ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Chelsea news: Romelu Lukaku exit blow as Inter Milan 'agree' Paulo Dybala  transfer | Football | Sport | Express.co.uk

Photo Credit : Daily Express

လူကာကူဟာ ချယ်လ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာလည်း (၁၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် သူရဲ့အသင်းဟောင်း အင်တာမီလန်အသင်းမှာတော့ ပါဝင်ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ပထမဆုံး ပွဲဦးထွက်ရာသီမှာ စီးရီးအေသွင်းဂိုး (၂၃)ဂိုးနဲ့ ဒုတိယရာသီမှာ (၂၃)ဂိုး သွင်းယူနိုင်ခဲ့သလို နှစ်ရာသီအတွင်း စုစုပေါင်း ပြိုင်ပွဲစုံသွင်းဂိုး (၆၄)ဂိုးထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေအပြင် Sky Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောဆိုဖြစ်ခဲ့တဲ့ စကားတွေကြောင့်လည်း ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေအပေါ် ပြန်လည်တောင်းပန်ခဲ့ရတဲ့ လူကာကူဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ပုံမှန်နေရာရဖို့ ရုန်းကန်လာခဲ့ရသလို သူရဲ့ခြေစွမ်းပိုင်းတွေမှာပါ အကျိုးသက်ရောက်သွားခဲ့ရပြီး ဂိုးသွင်းအားတွေလည်း ကျဆင်းလာခဲ့ရပါတယ်။ အင်တာမီလန်ကလည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် လူကာကူကို ရောင်းထုတ်ခဲ့ရပေမယ့် အချိန်မရွေး အသင်းဆီ ပြန်ခေါ်ချင်နေပေမယ့် အသင်းက အခုချိန်ထိ ငွေကြေးပိုင်းဆိုင်ရာ ပြသာနာတွေကြောင့် အပြီးသတ် ကမ်းလှမ်းမှုထက် တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းထားတာဖြစ်သလို ချယ်လ်ဆီးဘက်ကလည်း လူကာကူအတွက် အငှားခေါ်ယူခွင့် ပေါင်(၁၀)သန်းနဲ့သာ ကမ်းလှမ်းခံရမယ်ဆိုရင် လက်ခံသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။