ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်အားဖြည့်တင်းမှုတွေကို များစွာလုပ်ဆောင်ခဲ့ပြီး အဓိကအားဖြင့် တိုက်စစ်နေရာတွေမှာ ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့တာကြောင့် အသင်းကရှိရင်းစွဲ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အိုလီဗာဂျရှး တမ်မီအေဘရာဟမ်နဲ့ ဘတ်ရှအာယီတို့ နေရာပျောက်ဆုံးရဖွယ် ရှိနေပေမယ့် ချယ်လ်ဆီးဘက်ကတော့ အသင်းရဲ့အရန်တိုက်စစ်ကစားသမားဖြစ်တဲ့ ဘတ်ရှုအာယီကို စာချုပ်သက်တမ်းတိုးသွားဖို့သာ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

Photo Credit : MSN

အသက်(၂၆)နှစ်အရွှယ်ရှိ ဘယ်ဂျီယံတိုက်စစ်ကစားသမား ဘတ်ရှုအာယီဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေသူဖြစ်ပြီး နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်ရှုအာယီကို အပြီးသတ်ခေါ်ယူနိုင်မယ့် အသင်းအရေအတွက်က နည်းပါးလွန်းနေပြီး အငှားနဲ့ ခေါ်ယူချင်နေတဲ့ အသင်းတွေသာ များပြားလျက်ရှိနေပါတယ်။ ဘတ်ရှုအာယီကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ နယူးကာဆဲလ် ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတတ်လာခဲ့တဲ့ ဝက်ဘရွန်းတို့ကနေ အငှားနဲ့ခေါ်ယူချင်နေပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးဘက်ကနေလည်း အသင်းမှာ နေရာရဖို့ မလွယ်ကူတော့တဲ့ တိုက်စစ်ကစားသမား ဘတ်ရှုအာယီကို အငှားချသွားချင်နေပေမယ့် ကစားသမားက အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ သက်တမ်းတိုးပြီးမှ အခြားအသင်းတွေကို အငှားချသွားဖွယ် ရှိလို့နေပါတယ်။ ဒါမှသာ စာချုပ်သက်တမ်း ကျန်ရှိနေဦးမှဖြစ်တဲ့အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရမယ့်အရေးကနေလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဘတ်ရှုအာယီကို ချယ်လ်ဆီးဘက်ကနေ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုပြီးတာနဲ့ သူနဲ့အဆင်ပြေနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီ အငှားချသွားဖွယ် ရှိနေပါတယ်။ ဘတ်ရှုအာယီဟာ ၂၀၁၆ခုနှစ်ကမှ မာဆေးလ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရတာကြောင့် ဒေါ့မွန် ဗလင်စီယာနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ အငှားချခံရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။