နယ္သာလန္ေနာက္ခံကစားသမား နာသန္အကီကေတာ့ ခ်ယ္လ္ဆီးမွာ ပုံမွန္ေနရာရဖုိ႔ မလြယ္ကူလြန္းတာေၾကာင့္ ေနာက္ဆုံးမွာ ဘုန္းေမာက္အသင္းကုိ ေျပာင္းေရႊ႕ခဲ႔ၿပီး သူရဲ႕အေကာင္းဆုံးေျခစြမ္းေတြ ျပသႏုိင္ခဲ႔ကာ ဒီရာသီမွာလည္း ဘုန္းေမာက္အတြက္ အဓိကေနာက္ခံကစားသမားအျဖစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၁၅ပြဲဆက္တုိက္ ပြဲထြက္ကစားခဲ႔ရပါတယ္။ ဒီလုိ ေျခစြမ္းေကာင္းေတြ ျပသထားႏုိင္တဲ႔ အကီကုိ ခ်ယ္လ္ဆီးအသင္းက ျပန္လည္ေခၚယူဖုိ႔ စိိတ္ဝင္စားလုိ႔ေနၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း၄၀နဲ႔ ေခၚယူဖြယ္ရွိေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလ်က္ရွိေနပါတယ္။

Photo Credit : Getty Images

အသက္၂၄ႏွစ္အရႊယ္ရွိ ဗဟုိေနာက္ခံကစားသမား နာသန္အကီဟာ ၂၀၁၆ခုႏွစ္ကမွ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ခဲ႔တာျဖစ္ၿပီး အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ ယူရုိ၂၂.၈သန္းနဲ႔ အၿပီးသတ္ေျပာင္းေရႊ႕ခဲ႔တာျဖစ္ပါတယ္။ ဘုန္းေမာက္အသင္းမွာ ႏွစ္ရာသီဆက္တုိက္ ၿပိဳင္ပြဲဲစုံပြဲေပါင္း ၄၀ေလာက္အထိ ပါဝင္ကစားႏုိင္ခဲ႔တဲ႔ အကီကုိ ခံစစ္ပုိ္င္း ယုိယြင္းမႈေတြနဲ႔ ရင္ဆုိင္ေနရတဲ႔ ခ်ယ္လ္ဆီးအသင္းကေန ျပန္လည္ေခၚယူဖုိ႔အတြက္ ပစ္မွတ္ထားလာခဲ႔ကာ အခုေဆာင္းရာသီေစ်းကြက္အတြင္းမွာပဲ ကမ္းလွမ္းမႈေတြကုိ စတင္ျပဳလုပ္ဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ အကီကုိ မကမ္းလွမ္းခင္မွာ အသင္းရဲ႕ကစားသမားေတြထဲက ေနာက္ခံလူ ခရစၥတန္ဆန္ကုိ အသင္းကေန အရင္ေရာင္းခ်ရဖြယ္ရွိေနပါတယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က အသင္းရဲ႕ဗဟုိခံစစ္အပုိင္းမွာ ရူဒီဂါ ဇူးမားနဲ႔ တုိေမာ္ရီတုိ႔၃ဦးကုိသာ ဦးစားေပးအျဖစ္ အသုံးျပဳထားခဲ႔တာျဖစ္ေပမယ့္ ဒိန္းမတ္ေနာက္ခံလူ ခရစၥတန္ဆန္ကုိေတာ့ အသင္းမွာ ေနရာေပးေလ့သိပ္မရွိတာေၾကာင့္ အကီကုိ မကမ္းလွမ္းခင္မွာ သူ႔ကုိ အရင္ဆုံးေရာင္းထုတ္ရဖြယ္ရွိေနပါတယ္။ လက္ရွိမွာ ခရစၥတန္ဆန္ကုိ စီးရီးေအကလပ္ ေအစီမီလန္အသင္းကေန ေခၚယူသြားခ်င္ေနေပမယ့္ ကနဦးကမ္းလွမ္းခ်က္အေနနဲ႔ အငွားစာခ်ဳပ္နဲ႔သာ ကမ္းလွမ္းဖုိ႔ရွိေနတာေၾကာင့္ ခ်ယ္လ္ဆီးဘက္ကေန ဆုံးျဖတ္ရခက္ႏုိင္ပါတယ္။ ဒါေပမယ့္လည္း ခံစစ္ပုိင္းမွာ အားနည္းခ်က္ရွိေနတဲ႔အျပင္ အကီကုိ ေရာင္းခ်ခဲ႔စဥ္တုန္းက ခ်ဳပ္ဆုိထားခဲ႔တဲ႔ ျပန္လည္ေခၚယူခြင့္ အခ်က္အလက္ေၾကာင့္ ကမ္းလွမ္းမႈကုိသာ ေေသေသခ်ာခ်ာ လုပ္ေဆာင္မယ္ဆုိရင္ေတာ့ ဘုန္းေမာက္ဘက္ကေန အကီကုိ သူရဲ႕အသင္းေဟာင္းဆီ ျပန္လည္ေရာင္းခ်ရမွာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ခံစစ္ဘယ္ျခမ္းအတြက္ကုိလည္း လက္စတာအသင္းရဲ႕ေနာက္ခံအစြန္လူ ဘန္ခ်ီဝဲလ္ကုိပါ ပစ္မွတ္ထားလ်က္ရွိလုိ႔ေနပါတယ္။

(Unicode)

အကီကို ပြန်လည်မခေါ်ယူခင် ကစားသမားတစ်ဦးကို အရင်ရောင်းချရဖွယ်ရှိနေတဲ့ ချယ်လ်ဆီး

နယ်သာလန်နောက်ခံကစားသမား နာသန်အကီကတော့ ချယ်လ်ဆီးမှာ ပုံမှန်နေရာရဖို့ မလွယ်ကူလွန်းတာကြောင့် နောက်ဆုံးမှာ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး သူရဲ့အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ကာ ဒီရာသီမှာလည်း ဘုန်းမောက်အတွက် အဓိကနောက်ခံကစားသမားအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၅ပွဲဆက်တိုက် ပွဲထွက်ကစားခဲ့ရပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အကီကို ချယ်လ်ဆီးအသင်းက ပြန်လည်ခေါ်ယူဖို့ စိိတ်ဝင်စားလို့နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း၄၀နဲ့ ခေါ်ယူဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

အသက်၂၄နှစ်အရွှယ်ရှိ ဗဟိုနောက်ခံကစားသမား နာသန်အကီဟာ ၂၀၁၆ခုနှစ်ကမှ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာ ယူရို၂၂.၈သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းမှာ နှစ်ရာသီဆက်တိုက် ပြိုင်ပွဲဲစုံပွဲပေါင်း ၄၀လောက်အထိ ပါဝင်ကစားနိုင်ခဲ့တဲ့ အကီကို ခံစစ်ပို်င်း ယိုယွင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးအသင်းကနေ ပြန်လည်ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာခဲ့ကာ အခုဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အကီကို မကမ်းလှမ်းခင်မှာ အသင်းရဲ့ကစားသမားတွေထဲက နောက်ခံလူ ခရစ္စတန်ဆန်ကို အသင်းကနေ အရင်ရောင်းချရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က အသင်းရဲ့ဗဟိုခံစစ်အပိုင်းမှာ ရူဒီဂါ ဇူးမားနဲ့ တိုမော်ရီတို့၃ဦးကိုသာ ဦးစားပေးအဖြစ် အသုံးပြုထားခဲ့တာဖြစ်ပေမယ့် ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်ကိုတော့ အသင်းမှာ နေရာပေးလေ့သိပ်မရှိတာကြောင့် အကီကို မကမ်းလှမ်းခင်မှာ သူ့ကို အရင်ဆုံးရောင်းထုတ်ရဖွယ်ရှိနေပါတယ်။ လက်ရှိမှာ ခရစ္စတန်ဆန်ကို စီးရီးအေကလပ် အေစီမီလန်အသင်းကနေ ခေါ်ယူသွားချင်နေပေမယ့် ကနဦးကမ်းလှမ်းချက်အနေနဲ့ အငှားစာချုပ်နဲ့သာ ကမ်းလှမ်းဖို့ရှိနေတာကြောင့် ချယ်လ်ဆီးဘက်ကနေ ဆုံးဖြတ်ရခက်နိုင်ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်းမှာ အားနည်းချက်ရှိနေတဲ့အပြင် အကီကို ရောင်းချခဲ့စဉ်တုန်းက ချုပ်ဆိုထားခဲ့တဲ့ ပြန်လည်ခေါ်ယူခွင့် အချက်အလက်ကြောင့် ကမ်းလှမ်းမှုကိုသာ ေသေသေချာချာ လုပ်ဆောင်မယ်ဆိုရင်တော့ ဘုန်းမောက်ဘက်ကနေ အကီကို သူရဲ့အသင်းဟောင်းဆီ ပြန်လည်ရောင်းချရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ဘယ်ခြမ်းအတွက်ကိုလည်း လက်စတာအသင်းရဲ့နောက်ခံအစွန်လူ ဘန်ချီဝဲလ်ကိုပါ ပစ်မှတ်ထားလျက်ရှိလို့နေပါတယ်။