ချယ်လ်ဆီးအသင်းကတော့ သူတို့ ကစားသမားဖြစ်သူ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းဆီ ထပ်မံ အငှားချသွားတော့မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်ပြီး ရှိနေမလား ဒါမှမဟုတ် အသင်းကနေ အပြီးသတ် ပြောင်းရွှေ့ထွက်ခွာသွားမလားဆိုတဲ့ ရွေးချယ်မှုကို (၂)ခုကိုသာ ခွင့်ပြုသွားတော့မယ်လို့ သိရပါတယ်။

EPL 2022: Romelu Lukaku seals Inter Milan loan move from Chelsea, news,  latest, transfer rumours, Premier League

Photo Credit : Fox Sports

ချယ်လ်ဆီးက သူတို့ ကစားသမားဟောင်း လူကာကူကို အင်တာမီလန်ကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူခဲ့ရပေမယ့်လည်း လူကာကူက အင်တာမှာတုန်းကလို ခြေစွမ်းမျိုး ချယ်လ်ဆီးမှာ မပြသနိုင်ပဲ ရုန်းကန်ခဲ့ရတဲ့အပြင် ချယ်လ်ဆီးအသင်းအပေါ်ကိုလည်း ဝေဖန်စကားတွေ ပြောဆိုမိခဲ့ရာကနေ နောက်တစ်နှစ်မှာ သူ့ကို အင်တာဆီ ပြန်အငှားချခဲ့ပါတယ်။ လက်ရှိမှာ အင်တာက လူကာကူကို နောက်ထပ် တစ်ရာသီ အငှားသက်တမ်း ထပ်တိုးချင်နေပေမယ့်လည်း ချယ်လ်ဆီးက လက်မခံတော့ပဲ အပြီးသတ် ကမ်းလှမ်းမှုကိုသာ လက်ခံသွားချင်နေပါတယ်။

Photo Credit : Sporting News

နည်းပြသစ် ပိုချက်တီနိုနဲ့ လက်တွဲထားတဲ့ ချယ်လ်ဆီးက အင်တာနဲ့ အငှားသက်တမ်း ပြည့်မြောက်တော့မယ့် လူကာကူကို အသင်းမှာ ပြန်လည် ပူးပေါင်းသွားမလား ဒါမှမဟုတ် အသင်းနဲ့ လမ်းခွဲသွားမလားဆိုတာ မေးမြန်းခဲ့ပေမယ့် လူကာကူက အသင်းနဲ့ ပြန်ပူးပေါင်းသွားဖို့ ဆန္ဒမရှိကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လူကာကူကို ဆော်ဒီကလပ်တွေဘက်က ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးကလည်း ရောင်းချသွားဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း လူကာကူကိုယ်တိုင်က ဆော်ဒီကို ပြောင်းမှာ မဟုတ်ကြောင်း ပယ်ချသွားခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

ဒီအခြေအနေမှာ ချယ်လ်ဆီးကတော့ လူကာကူကို အသင်းကနေ ထွက်ခွာစေချင်နေပြီး အငှား မဟုတ်ပဲ အပြီးသတ်သာ ထွက်ခွာစေချင်နေပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း သူတို့ ခေါ်ယူသွားချင်နေတဲ့ ကစားသမား တစ်ဦးဦးကို ခေါ်ယူရာမှာ လူကာကူနဲ့ တိုက်ရိုက် swap deal ဆိုတဲ့ ကစားသမား အလဲအလှယ် လုပ်ဆောင်တာမျိုး ပြုလုပ်သွားဖို့ပါ စီစဉ်လို့နေပါတယ်။ အဲ့ဒီအထိ လုပ်လို့မရမှသာ အသင်းမှာ ဆက်လက် ထားရှိသွားမှာ ဖြစ်ပါတယ်။