ချယ်လ်ဆီးအသင်းဟာ နာပိုလီအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူသွားနိုင်ဖို့အတွက် တိုက်စစ်ကစားသမား ရိုမယ်လ်လူ လူကာကူအပြင် လူငငယ် ကွင်းလယ်ကစားသမား ချေဆာယေ ကာဆာဒီတို့ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက အခု နွေဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေကို အဆက်မပြတ် လုပ်ဆောင်လျက် ရှိနေပြီး အခုလည်း အသင်းနဲ့ အမြဲတမ်း သတင်းထွက်ပေါ်နေတဲ့ နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ထပ်မံ ခေါ်ယူသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Football Italia

ချယ်လ်ဆီးအသင်း ခေါ်ယူထားတဲ့ ကစားသမားသစ်တွေထဲမှာ တိုက်စစ်ကစားသမားဆိုလို့ ဘာစီလိုနာ လူငယ်ကစားသမားလေး မာ့ခ် ဂီယူ တစ်ဦးတည်းသာ ပါဝင်နေပြီး ဒီကစားသမားလေးဟာလည်း အသင်းမှာ ချက်ချင်း နေရာပေးဖို့ မလွယ်သေးတာကြောင့် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ချိန်ရွှယ်လာခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး ပစ်မှတ်ထားလာခဲ့တဲ့ တိုက်စစ်မှူးထဲမှာ အိုဆီမန်က ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပြီး လက်ရှိမှာလည်း နာပိုလီအသင်းက သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)ဝန်းကျင်လောက်သာ သတ်မှတ်ထားသလို ဒီနွေမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်ထားပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ချယ်လ်ဆီးကတော့ အိုဆီမန်ကို ခေါ်ယူဖို့အတွက် နာပိုလီအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းသွားဖို့ထက် အသင်းက ကစားသမားတွေကို အလိုက်ပေးရင်း ပြောင်းရွှေ့ကြေးတချို့နဲ့သာ ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီး အလိုက်ပေးသွားမယ့် ကစားသမားတွေထဲမှာ နာပိုလီ နည်းပြသစ် အန်တိုနီယို ကွန်တီ အလိုရှိနေတဲ့ တိုက်စစ်မှူး လူကာကူနဲ့ အီတလီ လူငယ်ကွင်းလယ်လူ ကာဆာဒီတို့ ပါဝင်နေပြီး ဒီကစားသမားတွေနဲ့အတူ ပြောင်းရွှေ့ကြေး ဘယ်လောက် ပမာဏနဲ့ ကမ်းလှမ်းသွားမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။