ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို လက်လွှတ်ခဲ့ရပြီးနောက် အားနည်းချက်တွေ ရှိနေတဲ့ သူတို့ရဲ့ ဗဟိုခံစစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အနေနဲ့ ဆီဗီးလား ဗဟိုနောက်ခံလူ ခွန်ဒေကို ခေါ်ယူဖို့ ကြိုးပမ်းနေရာ မကြာခင်မှာပဲ ဆီဗီးလားနဲ့ တရားဝင် တွေ့ဆုံကာ ဆွေးနွေးတော့မယ်လို့ သိရပါတယ်။

ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရပြီးနောက် ချယ်လ်ဆီးက သူတို့ရဲ့ ဗဟိုခံစစ်ပိုင်း အတွက် အားကိုးရမယ့် ထိပ်သီး ဗဟိုခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေကာ ခွန်ဒေဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အထူးသဖြင့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ခွန်ဒေရဲ့ ကစားပုံကို အတော်လေး သဘောကျ နှစ်ခြိုက်သူ တဦး ဖြစ်ကာ တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာထဲက ခွန်ဒေကို ခေါ်ယူပေးဖို့ ချယ်လ်ဆီး ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း တူဟယ်လ်က ခွန်ဒေရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးက လက်ရှိအချိန်မှာ ခွန်ဒေရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ဆွေးနွေးမှုတွေဟာ အတော်လေး ခရီးပေါက်နေသလို ဆီဗီးလားဘက်က ခွန်ဒေကို ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေကြောင်း ပြောကြားထားပါတယ်။

Photo Credit: Goal

ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆီဗီးလားက ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ဝန်းကျင် အလိုရှိနေကြောင်း သိထားရပြီး ဒီပမာဏက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ဆီဗီးလားဘက်က ခွန်ဒေ အတွက် တောင်းဆိုခဲ့တဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၈၀သန်း ဆိုတဲ့ ငွေကြေးထက် ယူရို ၁၅သန်းတောင် လျော့နည်းနေပါတယ်။

ချယ်လ်ဆီးကတော့ ခွန်ဒေရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်တိုက် ဆိုသလို ပြုလုပ်နေသလို ဆွေးနွေးမှုတွေကလည်း အဆင်ပြေ ချောမွေ့နေတာကြောင့် မကြာခင်မှာပဲ ဆီဗီးလားနဲ့ ချိတ်ဆက်ကာ ပြောင်းရွှေ့ကြေးကိစ္စ ညှိနှိုင်းမှုအား ဆက်လက် ပြုလုပ်ဖို့ စီစဉ်ထားပြီး ချယ်လ်ဆီးဟာ ခွန်ဒေအတွက် ဆီဗီးလားဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းကို အလွယ်တကူ ပေးချေဖွယ် ရှိကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြထားပါသေးတယ်။