ချယ်လ်ဆီးအသင်းဟာ ဘရာဇီးလ် အမှတ်ပေးလိဂ်ကလပ် ဗက်စ်ကိုဒါဂါးမားအသင်းရဲ့ ဆယ်ကျော်သက်အရွယ် ဘရာဇီးလ် ကွင်းလယ်ကစားသမားလေး အန်ဒရေဆန်းတို့စ်ကို အသင်းဆီ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိနေပြီလို့ ဖာဘရီဇီယိုရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

Andrey Santos: 'The Brazilian Busquets' earning transfer interest from  Barcelona | Goal.com Singapore

Photo Credit : Goal

အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆန်းတို့စ်ဟာ ဒီနှစ်ဘောလုံးရာသီမှ ဗက်စ်ကို ယူ-၁၇အသင်းကနေ စီနီယာအသင်းမှာ စတင် ကစားခွင့် ရရလာခဲ့ရင်းနဲ့ အသင်းအတွက် ပြိုင်ပွဲစုံ (၃၆)ပွဲအထိ ကစားထားခဲ့ရသလို သွင်းဂိုး (၈)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်တို့မှာ ကစားတတ်သူ ဆန်းတို့စ်ကို ချယ်လ်ဆီးအပြင် ဘာစီလိုနာနဲ့ နယူးကာဆယ်အသင်းတွေကလည်း စိတ်ဝင်တစား ရှိနေကြပေမယ့်လည်း ချယ်လ်ဆီးဘက်က အလျင်အမြန် လှုပ်ရှားမှုကြောင့် အခုဆိုရင် ကစားသမားလေးဟာ ချယ်ဆီးအသင်းသား ဖြစ်လာဖို့ အတော်လေးကို နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : The Times

ပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက်မှာ ထိပ်တန်းကစားသမားတွေအပြင် အနာဂတ်မှာ အသင်းအတွက် အားထားရလာနိုင်မယ့် လူငယ်ကစားသမား အများအပြားကိုပါ ခေါ်ယူ ဖြည့်တင်းနေတဲ့ ချယ်လ်ဆီးအသင်းဟာ နွေတုန်းကလည်း ချူကွယ်မယ်ကာ ကာဆက်ဒီနဲ့ ဆလိုနီနာတို့လို လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့သလို အခု ဆောင်းဈေးကွက်ထဲမှာလည်း မိုလ်ဒီအသင်းက အိုင်ဗရီကို့စ် တိုက်စစ်ကစားသမားလေး ဖိုဖာနာနဲ့ ဗက်စ်ကိုဒါဂါးမားရဲ့ ကွင်းလယ်လူ ဆန်းတို့စ်တို့ကို ထပ်မံ ဖြည့်တင်းသွားဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ဆန်းတို့စ်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ personal agreed ရရှိလုနီးပါး ဖြစ်နေသလို အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကလည်း (၇၀)%လောက်အထိ သေချာနေပြီ ဖြစ်ပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတွက်ကိုတော့ ယူရိုသန်း(၂၀)ဝန်းကျင်လောက် သုံးစွဲရဖွယ် ရှိနေပြီး လာမယ့် ဈေးကွက်ထဲမှာပဲ ဖိုဖာနာရော ဆန်းတို့စ်ပါ အသင်းကို တပြိုင်နက်တည်း ရောက်ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဆန်းတို့စ်က ဘရာဇီးလ် ကစားသမားဖြစ်လို့ ဥရောပမှာ အခြေတကျဖြစ်ဖို့ လိုအပ်တဲ့အတွက် အရင်ဆုံး ကလပ်အသင်း တစ်သင်းသင်းမှာ အငှားချထားဖွယ်လည်း ရှိနိုင်ပါတယ်။