ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ နောက်နှစ်ရာသီ ပြန်စတဲ့ အချိန်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို လိုက်တုပမှာ မဟုတ်ဘဲ ကိုယ်ပိုင်နည်းလမ်းဖောက်သွားမှာ ဖြစ်ပါတယ်လို့ ယနေ့ည နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင်မှာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ယနေ့ည၊ ဗုဒ္စဟူးနေ့ည၊ ကြာသပတေးနေ့၊ နံနက် (၀၁း၄၅) အချိန်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ကစားသွားရမှာ ဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ အိမ်ကွင်းမှာ ဆုဖလား ကိုင်မြောက်သွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ယနေ့ည ကစားမယ့် အိမ်ကွင်း ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်သွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် အနည်းငယ်ကတည်းက အခုအချိန်အထိကို ခြေစွမ်းကောင်းတွေ ရရှိပိုင်လာခဲ့တာကြောင့် အလွန် ခြေစွမ်းတည်ငြိမ်တဲ့ အသင်း အဖြစ် သတ်မှတ်ခံနေရပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို (၁) မှတ်အကွာနဲ့ မရရှိနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ ရမှတ်ပြတ် ရရှိနိုင်ခဲ့တာကြောင့် ချဲလ်ဆီး နည်းပြ လမ်းပတ်က လီဗာပူးလ် အသင်းကို ခြေစွမ်းတည်ငြိမ်တဲ့ အသင်း ဖြစ်ပါတယ်လို့လည်း ချီးကျူး ပြောကြာသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

Sky Sports မှာ နည်းပြ လမ်းပတ်က “လီဗာပူးလ်အသင်းက အခုအချိန်အထိ အတူတကွ လုပ်ဆောင်လာခဲ့ကြပြီး လက်ရှိ ကိုယ်ရှေ့မှာ မြင်နေရတာက သူတို့ရဲ့ ခြေစွမ်းတည်ငြိမ်မှုပါပဲ။ ဒါက ဘယ်လောက် ခက်ခဲသလဲ ဆိုတာကို ကျွန်တော် သိပါတယ်။ ပရီးမီးယားလိဂ် ရာသီ အများစုမှာ အဲဒီလို စွမ်းဆောင်ရည် နဲ့ ရလဒ်တွေရဲ့ တည်ငြိမ်မှုကို မြင်ရခဲပါတယ်။ လီဗာပူးလ်အသင်းက နေရာစုံမှာ ပြေးအား၊ ရုန်းအား နဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေ ရှိပါတယ်။ အသင်းတစ်သင်းက အသင်းရဲ့ နည်းပြမှု လက်အောက်မှာ အကျင့်ကောင်းမှု၊ ရန်လိုမှုတွေနဲ့ ကစားပြီးရင် အမြဲတမ်း အထင်ကြီး လေးစားဖို့ ကောင်းတယ်။ နည်းပြ ကလော့ပ်က လီဗာပူးလ်အသင်းကို ရောက်လာကတည်းက ပြောင်းလဲတိုးတတ်မှုတွေကို မြင်ရပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းကို တုပဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အဆင့်ကွာဟမှုတွေ ကျဉ်းသွားစေဖို့ ကိုယ်ပိုင်နည်းလမ်းဖောက်သွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။