ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ခီဇာယီကာဆက်ဒီကို အသင်းဆီ အရ ခေါ်ယူသွားနိုင်ဖို့အတွက် အရှိန်မြင့် ကြိုးပမ်းလျက်ရှိနေရာ လက်ရှိမှာတော့ ကစားသမားလေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိသွားခဲ့ပြီဖြစ်ပြီး (၆)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

နွေဈေးကွက်အတွင်း စတာလင် ကူလီဘလီ ဆလိုနီနာ ချူဝယ်မယ်ကာနဲ့ ကူကူရယ်လာတို့ကို ခေါ်ယူထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းကနေ ကစားသမားထွက်ခွာမှုမှာလည်း အဓိက ကစားသမား(၄)ဦးလောက် ပါဝင်နေသလို အသင်းကို အနာဂတ် စီမံကိန်းအဖြစ် လူငယ်ကစားသမားတွေ ဝန်းရံတည်ဆောက်ချင်နေတာကြောင့် နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ် လူငယ် ကစားသမားတွေကို အာရုံစိုက်လာခဲ့ပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ အဲဗာတန်အသင်းရဲ့ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမား ဂေါ်ဒွန်နဲ့ အင်တာမီလန်အသင်းရဲ့ ဆယ်ကျော်သက် အီတလီ ကွင်းလယ်ကစားသမားလေး ကာဆက်ဒီတို့ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

Chelsea Transfer News: Blues handed Cesare Casadei blow as OGC Nice prepare bid with buyback clause to Inter

Photo Credit : SPORTbible

အသက်(၁၉)နှစ်သာ ရှိနေသေးတဲ့ အီတလီ ယူ-၁၉ ကစားသမားလေး ကာဆက်ဒီဟာ ၂၀၁၈ခုနှစ်မှာပဲ အင်တာ လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွင်းလယ်နေရာစုံကို ကစားတတ်သူလည်း ဖြစ်ပါတယ်။ ညာခြမ်းအားသန်ပြီး အရပ်အမောင်းလည်းကောင်းလို့ အမြင့်ဘောတွေပါ ကောင်းမွန်တဲ့ ကာဆက်ဒီဟာ မနှစ်က ဘောလုံးရာသီအတွင်း အင်တာလူငယ်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၆)ဂိုးထိ သွင်းယူထားနိုင်ခဲ့ကာ (၅)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီကစားသမားလေးဟာ အင်တာစီနီယာအသင်းအတွက် တစ်ပွဲမှကို ပါဝင်ရသေးခြင်း မရှိပေမယ့်လည်း အင်တာလူငယ်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် သူ့ကို လီဂူးကလပ် နိုက်စ်အသင်း စီးရီးအေကလပ် ဆာဆူအိုလိုအသင်းတွေအပြင် ချယ်လ်ဆီးအသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ကာဆက်ဒီကိုယ်တိုင်ကတော့ နိုက်စ် ဆာဆူအိုလိုအသင်းတွေထက် ချယ်လ်ဆီးအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားခဲ့ပြီး လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ personal agreed ရရှိထားခဲ့ြ့ပီဖြစ်လို့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိဖို့သာ လိုအပ်နေပါတော့တယ်။ ချယ်လ်ဆီးဘက်ကတော့ ၂၀၀၃ခုနှစ်ဖွား ကစားသမားလေး ကာဆက်ဒီအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ယူရို(၁၂)သန်းနဲ့ ကမ်းလှမ်းထားမှုကို အင်တာမီလန်က ပယ်ချထားခဲ့တာကြောင့် နောက်ထပ် ကမ်းလှမ်းမှုအဖြစ် ယူရို(၁၅)သန်း+အပိုဆုကြေးနဲ့ ထပ်မံ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။