ချယ်လ်ဆီးအသင်းကတော့ အင်္ဂါနေ့ညက ကစားသွားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ အာဆင်နယ်အသင်းကို တစ်ယောက်အသာနဲ့ ပွဲချိန်မိနစ်၆၀လောက်အထိကို ကစားခဲ့ရပြီး နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲဲ့ပေမယ့်လည်း ဧည့်သည်အာဆင်နယ်အသင်းက ဂိုးပေါက်၂ကြိမ်ခြိမ်းခြောက်မှုကနေတစ်ဆင့် ချေပဂိုး၂ဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး ဘယ်လာရင်ရဲ့နောက်ကျချေပဂိုးနဲ့ပတ်သက်ပြီးတော့ ချယ်လ်ဆီးဂိုးသမားကယ်ပါကို ချယ်လ်ဆီးပရိသတ်များစွာက ဝေဖန်ပြစ်တင်နေကြကာ ဒီဂိုးသမားကို အသင်းကနေ ရောင်းထုတ်လိုက်ဖို့အထိပါ တောင်းဆိုလာခဲ့ကြပါတယ်။
Photo Credit : Getty Images
ကမ္ဘာပေါ်မှာ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးသော ဂိုးသမားဖြစ်တဲ့ ကယ်ပါဟာ ဒီရာသီမှာ သူရဲဲ့လက်စွမ်းကောင်းတွေကို ပြသထားနိုင်ခြင်းမရှိပဲ ပရီးမီးယားလိဂ်မှာလည်း Clean Sheet ကို ၅ပွဲပဲ ရယူထားနိုင်ခဲ့သလို အချက်အလက်တွေအရလည်း လက်ရှိပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ ကယ်ပါက အဆိုးရွှားဆုံးအဖြစ် သတ်မှတ်ခံနေရပါတယ်။ ဒါ့အပြင် အသက်၂၅နှစ်အရွှယ် စပိန်လက်ရွေးစင် ဂိုးသမားကယ်ပါဟာ ပရီးမီးယားလိဂ်မှာတင်မကပဲ ဥရောပက ဂိုးသမားတွေထဲမှာတောင် ဂိုးပေါက်ကာကွယ်မှုအရ အဆင့်၁၂၇မှာ ရပ်တည်လို့နေပြီး ဒါဟာ သူရဲ့ဂိုးပေါက်ကာကွယ်မှု ဘယ်လောက်တောင်ဆိုးရွှားနေသလဲဆိုတာ မြင်သာနေခဲ့ပါတယ်။
Photo Credit : Getty Images
ဒါကြောင့် ချယ်လ်ဆီးအသင်းက ကယ်ပါကို လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီး ကယ်ပါရဲ့နေရာအတွက်ကိုလည်း ပြန်လည်အစားထိုးဖို့ ကင်းထောက်တွေက ဂိုးသမားတွေ လိုက်လံလေ့လာလို့နေပြီး လက်ရှိမှာတော့ ဘန်လေအသင်းရဲ့အင်္ဂလန်ဂိုးသမားလေး နစ်ပုဒ်ကို မျက်စိအကျဆုံး ဖြစ်လို့နေပါတယ်။ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဖြစ်တဲ့ နစ်ပုဒ်ဟာ ဒီရာသီမှာ ဘန်လေအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲဲမှာ Clean Sheet ၈ပွဲအထိရအောင် စွမ်းဆောင်နိုင်ခဲ့သလို မနေ့ည မန်ချက်စတာယူနိုက်တက်အသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နစ်ပုဒ်ဟာ ဒီရာသီမှာ ကာကွယ်မှုပေါင်း ရ၇ကြိမ် ပြုလုပ်ထားနိုင်တာဖြစ်လို့ ချယ်လ်ဆီးအသင်းက အခုလို ကယ်ပါနေရာအတွက်် အစားထိုးချင်တာဖြစ်ပေမယ့် မကြာသေးခင်ကမှ ဘန်လေနဲ့ သက်တမ်းတိုးထားတာဖြစ်လို့ ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုလာရနိုင်ပါတယ်။
(Zawgyi)
လာမယ့်နွေဈေးကွက်မှာ ဂိုးသမားကယ်ပါကို ရောင်းထုတ်သွားဖွယ်ရှိနေတဲ့ ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းကတော့ အင်္ဂါနေ့ညက ကစားသွားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ အာဆင်နယ်အသင်းကို တစ်ယောက်အသာနဲ့ ပွဲချိန်မိနစ်၆၀လောက်အထိကို ကစားခဲ့ရပြီး နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဧည့်သည်အာဆင်နယ်အသင်းက ဂိုးပေါက်၂ကြိမ်ခြိမ်းခြောက်မှုကနေတစ်ဆင့် ချေပဂိုး၂ဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး ဘယ်လာရင်ရဲ့နောက်ကျချေပဂိုးနဲ့ပတ်သက်ပြီးတော့ ချယ်လ်ဆီးဂိုးသမားကယ်ပါကို ချယ်လ်ဆီးပရိသတ်များစွာက ဝေဖန်ပြစ်တင်နေကြကာ ဒီဂိုးသမားကို အသင်းကနေ ရောင်းထုတ်လိုက်ဖို့အထိပါ တောင်းဆိုလာခဲ့ကြပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းက ကယ်ပါကို လာမယ့်နွေရာသီဈေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီး ကယ်ပါရဲ့နေရာအတွက်ကိုလည်း ပြန်လည်အစားထိုးဖို့ ကင်းထောက်တွေက ဂိုးသမားတွေ လိုက်လံလေ့လာလို့နေပြီး လက်ရှိမှာတော့ ဘန်လေအသင်းရဲ့အင်္ဂလန်ဂိုးသမားလေး နစ်ပုဒ်ကို မျက်စိအကျဆုံး ဖြစ်လို့နေပါတယ်။ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဖြစ်တဲ့ နစ်ပုဒ်ဟာ ဒီရာသီမှာ ဘန်လေအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Clean Sheet ၈ပွဲအထိရအောင် စွမ်းဆောင်နိုင်ခဲ့သလို မနေ့ည မန်ချက်စတာယူနိုက်တက်အသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နစ်ပုဒ်ဟာ ဒီရာသီမှာ ကာကွယ်မှုပေါင်း ၇၇ကြိမ် ပြုလုပ်ထားနိုင်တာဖြစ်လို့ ချယ်လ်ဆီးအသင်းက အခုလို ကယ်ပါနေရာအတွက် အစားထိုးချင်တာဖြစ်ပေမယ့် မကြာသေးခင်ကမှ ဘန်လေနဲ့ သက်တမ်းတိုးထားတာဖြစ်လို့ ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုလာရနိုင်ပါတယ်။