MySport Myanmar

ရူဒီဂါရဲ့ နေရာမှာ ပါအူတောရက်စ်နဲ့ ပြန်လည် အစားထိုးသွားချင်နေတဲ့ ချယ်လ်ဆီး

လာမယ့် စျေးကွက်ဖွင့်ချိန်မှာပဲ ချယ်လ်ဆီးအသင်းနဲ့ သေချာပေါက်ကို လက်တွဲဖြုတ်သွားတော့မယ့် ဗဟိုနောက်ခံလူ အန်တိုနီယိုရူဒီဂါရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ဗီလာရီးယဲလ်အသင်းရဲ့ စပိန်နောက်ခံကစားသမား ပါအူတောရက်စ်ကို အလိုရှိနေတယ်လို့ စပိန်သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပြီး တောရက်စ်ကိုယ်တိုင်လည်း လာမယ့်နွေမှာ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Goal

၂၀၁၇ခုနှစ်ကတည်းက ရိုးမားကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဂျာမနီလက်ရွေးစင် နောက်ခံလူ ရူဒီဂါဟာ ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ လက်တွဲဖြုတ်ဖို့သာ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့် အခုလို သက်တမ်းတိုးဖို့ ပယ်ချပြီး အသင်းပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေတဲ့ ရူဒီဂါနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုပါ ရယူထားတဲ့ ခရစ္စတန်ဆန်တို့နေရာမှာ အစားထိုးဖို့ ခံစစ်မှူးတွေကို ချယ်လ်ဆီးဘက်ကနေ ပစ်မှတ်ထားလာခဲ့သလို အခုလည်း စပိန်နောက်ခံလူ ပါအူတောရက်စ်ကိုပါ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Football Espana

ဗီလာရီးယဲလ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လက်ရှိမှာ အရည်အသွေးမြင့် နောက်ခံလူတစ်ဦး ဖြစ်လို့နေတဲ့ ပါအူတောရက်စ်ဟာ ဗီလာရီးယဲလ်ရဲ့ အရေးပါဆုံး ကစားသမားဖြစ်သလို သူရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းက ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ် ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ခဲ့ရသလို ဒီရာသီမှာလည်း ချန်ပီင်္ယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိပါ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဂျုဗင်တပ်စ် ဘိုင်ယန်မြူးနစ်တို့လို အသင်းမျိုးတွေကို ကျော်ဖြတ်လာနိုင်ခဲ့ခြင်းဟာလည်း ပါအူတောရက်စ် ဦးဆောင်တဲ့ ဗီလာရီးယဲလ်ခံစစ်ပိုင်း ကျစ်လစ်မှုကြောင့်ဖြစ်ပြီး သူရဲ့လက်ရှိ form ကြောင့် တောရက်စ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ ပိုမိုတိုးများလာခဲ့သလို ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက လာမယ့်စျေးကွက်ထဲမှာ ရူဒီဂါရော ခရစ္စတန်ဆန်ပါ စွန့်လွှတ်ရမယ့် အခြေအနေတွေကြောင့် ခံစစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေရပြီး မနှစ်က သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ ဆီဗီလာနောက်ခံလူ ခွန်ဒယ်နဲ့ ဗီလာရီးယဲလ်ရဲ့ အဓိက နောက်ခံကစားသမား တောရက်စ်တို့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version