မေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ အႏိုင္ဂိုး သြင္းယူေပးခဲ့တဲ့ ေနာက္ခံလူ တိုေမာ္ရီက ခ်ဲလ္ဆီးအသင္းဟာ FA ဖလားကိုေရာ ခ်န္ပီယံလိဂ္ ဖလားကိုပါ အႏိုင္ရခ်င္တယ္လို႔ ေျပာသြားတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ မေန႔ညက ဟူးလ္စီးတီးအသင္းနဲ႔ ကစားသြားခဲ့တဲ့ အက္ဖ္ေအ ဖလား ပြဲစဥ္မွာ ေနာက္ခံလူ တိုေမာ္ရီရဲ႕ သြင္းဂိုးေၾကာင့္ (၂-၁) နဲ႔ အႏိုင္ရခဲ့ၿပီး အက္ဖ္ေအ ဖလား ၿပိဳင္ပြဲမွာ ေနာက္တစ္ဆင့္ကို တက္သြားခဲ့ၿပီ ျဖစ္ပါတယ္။

Photo Credit: Goal

ခ်ဲလ္ဆီးအသင္းဟာ အက္ဖ္ေအဖလား ၿပိဳင္ပြဲမွာ ေနာက္တစ္ဆင့္အထိ တက္သြားခဲ့ၿပီ ျဖစ္သလို ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာလည္း ေနာက္တစ္ဆင့္ကို တက္သြားခဲ့ၿပီး (၁၆) သင္းအဆင့္မွာ ဘိုင္ယန္အသင္းနဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။ တိုေမာ္ရီဟာ မေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ အႏိုင္ဂိုးကိုပဲ သြင္းခဲ့႐ုံသာမက အေရးပါတဲ့ ျဖတ္ထုတ္မႈ နဲ႔ ရွင္းထုတ္မႈေတြကို ျပဳလုပ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းက အက္ဖ္ေအဖလားကိုေရာ ခ်န္ပီယံလိဂ္ ဖလားကိုပါ ရခ်င္တယ္လို႔ အခိုင္အမာ ေျပာခဲ့ပါတယ္။

Photo Credit: Goal

ခ်ဲလ္ဆီး ေနာက္ခံလူ တိုေမာ္ရီက “ေနာက္ဆုံးေတာ့ ဦးတည္ ကစားရမယ့္ ဖလား တစ္ခု ရွိေနပါၿပီ။ ကြင္းထဲကို ဝင္လိုက္ၿပီ ဆိုရင္ ဒီၿပိဳင္ပြဲက အက္ဖ္ေအ ဖလား ၿပိဳင္ပြဲလား ဒါမွမဟုတ္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲလားလို႔ မေတြးၾကေတာ့ပါဘူး။ ကြၽန္ေတ္ာတို႔ အႏိုင္ရခ်င္ပါတယ္။ အႏိုင္ရခ်င္ၾကတာပါပဲ။ ၿပိဳင္ပြဲတိုင္းက အတူတူပါပဲ။ အခု ကြၽန္ေတ္ာတို႔ အက္ဖ္ေအ ဖလား ၿပိဳင္ပြဲမွာ ေနာက္တစ္ဆင့္ကို ေရာက္သြားၿပီး၊ ဘယ္အသင္းနဲ႔ မဲက်မလဲ ဆိုတာကို ေစာင့္ၾကည့္ရမွာပါပဲ”လို႔ ေျပာသြားပါတယ္။

(Unicode)

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ နောက်ခံလူ တိုမော်ရီက ချဲလ်ဆီးအသင်းဟာ FA ဖလားကိုရော ချန်ပီယံလိဂ် ဖလားကိုပါ အနိုင်ရချင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညက ဟူးလ်စီးတီးအသင်းနဲ့ ကစားသွားခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာ နောက်ခံလူ တိုမော်ရီရဲ့ သွင်းဂိုးကြောင့် (၂-၁) နဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲမှာ နောက်တစ်ဆင့်အထိ တက်သွားခဲ့ပြီ ဖြစ်သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီး (၁၆) သင်းအဆင့်မှာ ဘိုင်ယန်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ တိုမော်ရီဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုးကိုပဲ သွင်းခဲ့ရုံသာမက အရေးပါတဲ့ ဖြတ်ထုတ်မှု နဲ့ ရှင်းထုတ်မှုတွေကို ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးအသင်းက အက်ဖ်အေဖလားကိုရော ချန်ပီယံလိဂ် ဖလားကိုပါ ရချင်တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီး နောက်ခံလူ တိုမော်ရီက “နောက်ဆုံးတော့ ဦးတည် ကစားရမယ့် ဖလား တစ်ခု ရှိနေပါပြီ။ ကွင်းထဲကို ဝင်လိုက်ပြီ ဆိုရင် ဒီပြိုင်ပွဲက အက်ဖ်အေ ဖလား ပြိုင်ပွဲလား ဒါမှမဟုတ် ချန်ပီယံလိဂ် ပြိုင်ပွဲလားလို့ မတွေးကြတော့ပါဘူး။ ကျွန်တေ်ာတို့ အနိုင်ရချင်ပါတယ်။ အနိုင်ရချင်ကြတာပါပဲ။ ပြိုင်ပွဲတိုင်းက အတူတူပါပဲ။ အခု ကျွန်တေ်ာတို့ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို ရောက်သွားပြီး၊ ဘယ်အသင်းနဲ့ မဲကျမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါပဲ”လို့ ပြောသွားပါတယ်။