ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ကတော့ ပွဲအားလုံးကစားလို့ မပြီးဆုံးသေးပါဘူး။ မန်စီးတီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ပွဲဲကို ရာသီဥတုအနေအထားတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်သလို ဒီနေ့ညမှာလည်း ပွဲစဉ်(၂၆)ရဲဲ့ Biggest Match ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကိုလည်း ယှဉ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့ တနင်းလာနေ့ည အင်္ဂါနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်လေးကို အကြိုရင်ခုန်ကြည့်ရအောင်လားဗျာ။

Photo Credit : Getty Images

ပထမဆုံး အိမ်ရှင်ချယ်လ်ဆီးဘက်ကို ဆွေးနွေးကြည့်ချင်ပါတယ်။ ချယ်လ်ဆီးက ဒီပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ် ပွဲကျပ်ကာလကို ဖြတ်သန်းနေရပြီး အာဆင်နယ် လက်စတာအသင်းတွေကို သရေပဲ ကျထားခဲ့ကာ နိုင်သင့်ခဲ့တဲ့ နယူးကာဆဲလ်ပွဲမှာတော့ အရေးနိမ့်ထားခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ လက်ရှိရပ်တည်ချက်ဖြစ်တဲ့ အဆင့်၄နေရာကို ထိန်းသိမ်းနိုင်ဖို့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်နေပြီး လက်ရှိမှာ အဆင့်၅ရောက်နေတဲ့ စပါးအသင်းနဲဲ့ကလည်း ၁မှတ်သာ ကွာဟနေပါတော့တယ်။ ဒီနေ့ပွဲမှာတော့ ပူလီဆစ်ပါဝင်ကစားဖို့ မသေချာသေးတာကလည်း ချယ်လ်ဆီးအသင်းဘက်မှာ လူစုံပါဝင်မှာဖြစ်ပြီး ဘိုင်ယန်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကလည်း နောက်တစ်ပတ်မှဖြစ်လို့ ဒီပွဲကို အပြည့်အဝအာရုံစိုက်နိုင်မှာ သေချာပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်ကလည်း ချယ်လ်ဆီးနဲဲ့ ထူးမခြားနားပါပဲ။ နောက်ဆုံးကစားထားခဲ့တဲ့ ပရီးမီးယားလိဂ်၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသလို ၃ပွဲလုံးမှာလည်း သွင်းဂိုးတစ်ဂိုးမှတောင် မရယူနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ ယူနိုက်တက်ဘက်မှာ တိုက်စစ်မှူးသစ် အီဂါလို ပွဲဲထွက်လာနိုင်သလို တွမ်မီနေးကလည်း ဒဏ်ရာကနေ အတော်အတန်သက်သာလာပြီဖြစ်လို့ ပွဲထွက်စာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ နောက်ပြီး ကစားသမားသစ်ဖြစ်သူ ဘရူနိုဖာနန်ဒက်ဇ်ရဲ့ခြေစွမ်းတွေကိုလည်း စောင့်ကြည့်ရဦးမှာပါ။ ယူနိုက်တက်က ဒီပွဲပြီးရင် လာမယ့်ကြားရက်မှာ ကလပ်ဘရုဂေးအသင်းနဲ့ ယူရိုပါလိဂ်ပွဲ ကစားရဖို့ ရှိနေပေမယ့် ဒီပွဲကိုပဲ ပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။

Photo Credit : Sky Sports

ဒီနှစ်သင်းလုံး ဒီရာသီမှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ယူနိုက်တက်ကပဲ အဲ့ဒီ၂ကြိမ်လုံးကို အနိုင်ရရှိခဲ့ပါတယ်။ ပိုဆိုးတာကတော့ ဒီရာသီ အဖွင့်ပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့တုန်းကဖြစ်ပြီး အိုးထရက်ဖိုဒ့်ကွင်းမှာ အိမ်ရှင်ယူနိုက်တက်အသင်းကက ၄ဂိုးပြတ်နဲ့ကို အနိုင်ယူထားခဲ့ပါတယ်။ ဒါကို ချယ်လ်ဆီးဘက်ကနေ ပြန်လည်ကလဲဲ့စားချေချင်နေမှာပါ။ ယူနိုက်တက်ကလည်း ဒီလို ထိပ်တိုက်တွေ့ဆုံနေချိန်မှာ ချယ်လ်ဆီးကို အနိုင်ယူပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် အမှားမခံတော့ဘူးဆိုတာကို ပြသချင်နေမှာပဲ။ ရည်မှန်းချက်ကိုယ်စီနဲ့မို့ အကြိတ်အနယ်ရှိမှာ သေချာနေပြီး လန်ဒန်မြေမှာတော့ ယူနိုက်တက်အတွက် အမြင့်ဆုံးမျှော်လင့်ချက်က သရေတစ်မှတ်ပဲ ရှိလိမ့်မယ်လို့ ထင်မိပါတယ်။