နည်းပြသစ် သောမတ်စ်တူဟယ်လ်လက်ထက် ချယ်လ်ဆီးအသင်းဟာ အတော်လေးကို ပုံစံကောင်းတွေ ပြသလို့နေပြီး ဝင်ကစားနေရတဲ့ ပြိုင်ပွဲတွေအားလုံးမှာ အခြေအနေကောင်းလာခဲ့ပြီး ရလဒ်ကောင်းတွေကိုလည်း ဆက်တိုက်ရယူနိုင်နေပါတယ်။ အခုတော့ တူဟယ်လ်ဟာ လတ်တလောမှာ ဖိအားဒဏ်တွေ ဝင်နေရတဲ့ နည်းပြအာတီတာနဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီတစ်ခေါက် လန်ဒန်ဒါဘီဟာလည်း ပုံစံတစ်မျိုးနဲ့ကို စိတ်ဝင်စားဖို့ကောင်းနေမှာ သေချာပါတယ်။

Photo Credit : Football.London

ချယ်လ်ဆီးဟာ တူဟယ်လ်လက်အောက်မှာ ခံစစ်ကစားပုံ ကောင်းမွန်လာသလို အသင်းရဲ့ဟန်ချက်လည်း ညီလာတယ်။ ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူထားခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် လမ်းကြောင်း(၂)ခုကနေ မျှော်မှန်ထားလို့ ရနိုင်နေပါတယ်။ ဒီပွဲမှာတော့ ကွင်းလယ်လူ ကိုဗာဆစ်နဲ့ နောက်ခံလူ ခရစ္စတန်ဆန်တို့ကလွဲပြီး လူစုံပါဝင်လာနိုင်ပေမယ့် (၁၅)ရက်နေ့မှာ လက်စတာနဲ့ ကစားရမယ့် အက်အေဖိုင်နယ်ပွဲအတွက်ကိုတော့ ကစားအား ချွေတာမှုတွေ ရှိလာနိုင်ပါတယ်။

Photo Credit : Football.London

ပထမအကျော့ အမ်းမရိတ်ဒ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးကို အနိုင်ယူထားတဲ့ အာဆင်နယ်က လက်ရှိမှာ ရလဒ်ပိုင်းတွေ အားရစရာ မရှိသလို ယူရိုပါလိဂ်ဝင်ခွင့်တောင် မရေမရာ ဖြစ်နေရပေမယ့် အသင်းရဲ့ သိက္ခာပိုင်းအရတော့ ချယ်လ်ဆီးကို ခက်ခဲအောင် ကစားသွားမှာပါ။ စတမ်းဖိုဒ့်ဘရစ်ချ် နောက်ဆုံး(၅)ကြိမ် လာရောက်ယှဉ်ပြိုင်ခဲ့စဉ်တုန်းကလည်း အာဆင်နယ်ဟာ အိမ်ရှင်အသင်းကို (၂)သာ ရှုံးနိမ့်ခဲ့ပြီး (၃)ကြိမ် သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။

(ဖြစ်နိုင်လာဖွယ်ရှိတဲ့လူစာရင်း)

ချယ်လ်ဆီးကတော့ အက်အေဖလားဗိုလ်လုပွဲကြောင့် ဒီပွဲကို လူအပြောင်းအလဲ လုပ်လာနိုင်ပေမယ့် အာဆင်နယ်ကတော့ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းစေဖို့အတွက် လူစုံထည့် ကစားလာနိုင်ပါတယ်။ ချယ်လ်ဆီးက လူအပြောင်းအလဲ အနည်းငယ် လုပ်လာရင်တောင် အသင်းရဲ့ ဟန်ချက်က အရမ်းမပျက်သွားနိုင်လောက်ပါဘူး။ အာတီတာကလည်း ခေါင်နည်းပြတွေကိုမှ တောက်လျှောက်အနိုင်ယူနေတဲ့ တူဟယ်လ်ကို ရပ်တန့်သွားအောင် လုပ်သွားဖို့ စီစဉ်လာမှာပါ။ ၂၀၁၁နောက်ပိုင်းကတည်းက အိမ်ကွင်းမှာ လုံးဝမရှုံးဖူးသေးတဲ့ အာဆင်နယ်ကို ဒီတစ်ကြိမ်လည်း ချယ်လ်ဆီးတို့ပဲ ရလဒ်ကောင်းပါလိမ့်မယ်။