ချဲလ်ဆီးနညးပြ လမ်းပတ်ကတော့ ဆောင်းရာသီ၊ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်အတွင်း ကစားသမားသစ် တစ်ဦးမှ မခေါ်ယူနိုင်တာကြောင့် အဆင့် (၄) နေရာ ဆက်ထိန်းဖို့ ခက်ခဲနေပြီလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု အယူခံဝင်တာကို အောင်မြင်ခဲ့တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပြီး တိုက်စစ်မှူး မာတင် နဲ့ ပီယာတက်ခ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဘယ်သူကိုမှ မခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Onefootball

နည်းပြ လမ်းပတ်ကတော့ အောင်မြင်ချင်တဲ့ အသင်းတွေဟာ လူသစ်စုဆောင်းတာကို ကြီးမားစွာ ပြုလုပ်ကြတယ်လို့ ပြောခဲ့ပြီး ကစားသမားသစ် (၁) ဦးမှ မခေါ်ယူနိုင်တာကြောင့် အဆင့် (၄) ကို ဆက်ထိန်းဖို့ ခက်ခဲပြီးလို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာကို ရရှိထားပြီး အဆင့် (၅) နေရာက မန်ယူအသင်းကို (၄) မှတ် ဖြတ်ထားပေမဲ့ နည်းပြ လမ်းပတ်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မသေချာတော့ဘူးလို့ ပြောလိုက်သလိုပါပဲ။

Photo Credit: Onefootball

နည်းပြ လမ်းပတ်က “အောင်မြင်ချင်ကြတဲ့ အသင်းတွေအတွက်ကတော့ လူသစ်စုဆောင်းရေးဟာ ကြီးမားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ လီဗာပူးလ် နဲ့ မန်စီးတီးကို ကြည့်ကြည့်လိုက်ပါ။ ရာသီအစမှာ ဘယ်အသင်းကမှ ကျွန်တော်တို့ကို အဆင့် (၄) နေရာအတွက် ဖိအားမပေးနိုင်ခဲ့ဘူး။ အမှန်တရား တစ်ခုကတော့ အခု ကျွန်တော်တို့ အဆင့် (၄) မှာ ရှိပေမဲ့ တိုက်ပွဲက ကြီးမားတဲ့ တိုက်ပွဲဖြစ်လာပြီ။ ဒီအပြောင်းအရွှေ့က ခက်ခဲတဲ့ အပြောင်းအရွှေ့ပါ”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

{Unicode}