MySport Myanmar

အပြောင်းအရွှေ့ဟောင်း (၂)ခုအတွက် စုံစမ်းစစ်ဆေး ခံနေရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်တုန်းက ပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ကိစ္စဟောင်း (၂)ခုအတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ထံကနေ စုံစမ်းစစ်ဆေး ခံနေရတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက ရုရှားကလပ် အန်ဇီကနေ တောင်ပံကစားသမား ဝီလီယံ နဲ့ တိုက်စစ်မှူး ဆင်မြူရယ် အီတူးတို့ကို ခေါ်ယူခဲ့စဉ်တုန်းက ဒီအပြောင်းအရွှေ့ (၂)ခုနဲ့ ပတ်သက်ပြီး မသမာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Times

အဲ့ဒီအချိန်တုန်းဟာ ချယ်လ်ဆီးဟာ ဝီလီယံအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀) အီတူးအတွက် ပေါင် (၂)သန်း သုံးစွဲခဲ့ပေမယ့် ဒီကစားသမား (၂)ဦးလုံးအတွက် ပုံမှန် ပြောင်းရွှေ့ကြေးအပြင် လျှို့ဝှက်ငွေကြေး ပေးချေမှုတွေလည်း ရှိခဲ့တာကြောင့် သတင်းထွက်ပေါ်နေပါတယ်။

အဲ့ဒီအချိန်တုန်းက ဘရာဇီးလ် တောင်ပံကစားသမား ဝီလီယံဟာ ချယ်လ်ဆီးရဲ့ မြို့ခံကလပ် စပါးအသင်းဆီ ရောက်ရှိဖို့ နီးစပ်နေချိန် စပါးနဲ့ စစ်ဆေးမှုတွေပါ ခံယူပြီးချိန်မှ ချယ်လ်ဆီးက ဝီလီယံကို ကြားဖြတ်ပြီး အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Caught Offiside

ဒီလို ကစားသမား နှစ်ဦးရဲ့ အပြောင်းအရွှေ့အတွက် ငွေကြေးပိုင်း ပုံမှန်မဟုတ်တာတွေ လုပ်ဆောင်ထားတယ်ဆိုပြီး သတင်းထွက်လာတာကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကနေ ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ စီစဉ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဘက်ကတော့ ဒီအပြောင်းအရွှေ့ လှုပ်ရှားမှုတွေဟာ အသင်းပိုင်ရှင်ဟောင်း လက်ထက်မှာ လုပ်ဆောင်ခဲ့တာမို့ လက်ရှိ ပိုင်ရှင်တွေနဲ့ သက်ဆိုင်ခြင်း မရှိပါကြောင်း တုံ့ပြန်ထားပေမယ့်လည်း တကယ်လို့ မသမာတဲ့ ငွေပေးချေမှုတွေသာ လုပ်ဆောင်ခဲ့တယ်ဆိုရင်တော့ အမှတ်လျှော့ပြစ်ဒဏ်အထိပါ ကျခံရဖွယ် ရှိနေပါတယ်။

Exit mobile version