ချဲလ်ဆီးအသင်းဟာ လာမယ့် ရာသီသစ်မှာ ဝတ်ဆင်သွားရမှာ ဖြစ်တဲ့ တတိယမြောက် ဝတ်စုံကို လူမှုကွန်ရက်ကနေ တစ်ဆင့် မိတ်ဆက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး တစ်ဆက်တည်းမှာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ လှောင်ပြောင်ခြင်းကိုလည်း ခံလိုက်ရပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့် ရာသီသစ်မှာ တတိယမြောက် ဝတ်စုံ အဖြစ် အနီရောင် နဲ့ အပြာရောင် ရောစပ်ထားတဲ့ ဝတ်စုံသစ်ကို ဝတ်ဆင်သွားမှာ ဖြစ်တယ်လို့ တရားဝင် အတည်ပြုခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ အကျီနဲ့ အတော် ဆင်တူနေခဲ့ပါတယ်။

Photo Credit: TheSun

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ တတိယမြောက် ဝတ်စုံကို မိတ်ဆက်တဲ့ အချိန်မှာတော့ “သမိုင်းသစ် တစ်ခုနဲ့ တွေ့ဆုံလိုက်ပါဦး။ (၂၀၂၀-၂၁) ခုနှစ်မှာ ဝတ်ဆင်သွားမယ့် တတိယမြောက် ဝတ်စုံတော့ ဒီဟာပါပဲ။ ဝတ်စုံက ဖိနပ်တွေနဲ့ လိုက်ဖက်ဖို့ ပြုလုပ်ထားပြီး အတိတ်ရဲ့ ဂန္တဝင် ဝတ်စုံ ဖြစ်ပါတယ်။ (၁၀.၉.၂၀) ကနေ စတင် မှာယူလို့ ရပါပြီ။ ဒီဟာက ချဲလ်ဆီးရဲ့ ပစ္စည်းပါပဲ”လို့ ရေးသားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ တတိယမြောက် ဝတ်စုံကို မိန်းကလေး အသုံးပြုပြီး မိတ်ဆက်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ တတိယမြောက် ဝတ်စုံကတော့ ဝေဖန်မှုတွေကို အလူးအလဲ ရင်ဆိုင်နေရပါတယ်။

Photo Credit: TheSun

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ သူတို့ရဲ့ ဝတ်စုံနဲ့ အနည်းငယ် ဆင်တူနေတဲ့ ချဲလ်ဆီးအသင်းရဲ့ တတိယမြောက် ဝတ်စုံကို ဝေဖန်သွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ တတိယမြောက် ဝတ်စုံ ကြေညာတဲ့ မူရင်း Post ကို Share ပြီး “မင်းတို့ဟာ မဟုတ်သလိုပဲနော်”လို့ ဝေဖန်သွားခဲ့ပါတယ်။ ချဲလ်ဆီး ပရိသတ် အချို့ကလည်း ချဲလ်ဆီးအသင်းရဲ့ တတိယမြောက် ဝတ်စုံကို ဝေဖန်ခဲ့ကြတဲ့ အချိန်မှာ “ဘာစီလိုနာအသင်းရဲ့ အင်္ကျီလို ဖြစ်ချင်ပေမယ့်လည်း ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ အင်္ကျီလို ဖြစ်သွားတယ်။ ချဲလ်ဆီးက ခရစ်စတယ်ပဲလေ့စ်လား”လို့ ဝေဖန်သွားကြပါတယ်။