လာမယ့်ဇူလိုင်လဆန်းပိုင်းမှာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားတဲ့ ဘယ်ဂျီယံ တိုက်စစ်ကစားသမား ဒရီးစ်မာတန်စ်ကို ဥရောပ ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဲ့ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးကလည်း ထိပ်ဆုံးနေရာကနေကို ပါဝင်လို့နေပါတယ်။ ဒါပေမယ့် မာတန်စ်ဟာ သူရဲ့နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့လည်း မာတန်စ်ကို ခေါ်ယူဖို့ လက်လျှော့ရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်(၃၃)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဒရီးစ်မာတန်စ်ဟာ ၂၀၁၃ခုနှစ်ကတည်းက PSV အသင်းကနေ နာပိုလီအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ရနှစ်တာလောက် ပါဝင်ကစားခဲ့ရင်း အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာခဲဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မာတန်စ်ဟာ လာမယ့်ဇူလိုင်လ(၁)ရက်နေ့မှာပဲ နာပိုလီနဲဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို ချယ်လ်ဆီး အင်တာမီလန်နဲ့ အခြားသော ကလပ်အသင်းတွေကနေ အမျိုးမျိုး ဆက်သွယ်ခဲ့ပြီး ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဆိုရင်လည်း မာတန်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အပီအပြင်ကို ကြိုးစားခဲ့ပါတယ်။

Photo Credit : Getty Image

ဒါပေမယ့် ချယ်လ်ဆီးအတွက် ကံဆိုးစေတာကတော့ ထွက်ခွာဖို့ သေချာသလောက်ကိုဖြစ်နေတဲ့ မာတန်စ်ဟာ နာပိုလီအသင်းနဲ့ နောက်ထပ်(၃)နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ကို သဘောတူညီလိုက်တာဖြစ်ပြီး စာချုပ်သစ်ကြောင့်လည်း တစ်ပတ်လုပ်ခကို ပေါင်(၁၄၀၀၀၀)အထိ ရရှိတော့မှာဖြစ်ပါတယ်။ နာပိုလီအသင်းက သူတို့အသင်းရဲ့ အမာခံကစားသမားလည်းဖြစ် ပွဲပေါင်း(၃၀၉)ပွဲအထိကို ပါဝင်ကစားထားပေးထားတဲ့ တိုက်စစ်ကသမားလည်းဖြစ်တဲ့ မာတန်စ်ကို အသင်းကနေ အလွယ်တကူလေး ထွက်ခွာသွားတာမျိုး မဖြစ်စေချင်တဲ့အတွက် အခုလို သက်တမ်းတိုးဖို့ ဆောင်ရွှက်လိုက်ရတာဖြစ်သလို မာတန်စ်ဘက်ကနေ သက်တမ်းတိုးမယ်ဆိုရင် အပိုဆုကြေးအဖြစ် ပေါင်(၂.၂)သန်းကိုလည်း ပေးချေသွားမှာဖြစ်ပါတယ်။ မာတန်စ်ဟာ ၂၀၁၃ခုနှစ်တုန်းက PSV ကနေ နာပိုလီအသင်းဆီ ပေါင်(၈)သန်းခန့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သွင်းဂိုး(၁၂၁)ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် တကယ်လို့သာ နာပိုလီမှာပဲ ဆက်လက်ရှိနေမယ်ဆိုရင်တော့ အသင်းအတွက် အမြဲတမ်းဂိုးသွင်းအများဆုံးသူ ဟမ်းဆစ်ရဲဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာ သေချာပါတယ်။