ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ Clean Sheet ပွဲပေါင်း (၅)ပွဲသာရှိခဲ့တဲ့အထိ ခံစစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ Transfer Ban ကနေ လွတ်မြောက်ခဲ့ပြီးနောက် အခုဆောင်းရာသီဈေးကွင်အတွင်းမှာ ခံစစ်ပိုင်းအားဖြည့်တင်းမှုကို လုပ်ဆောင်ဖို့ အစီအစဉ်ရှိလို့နေပြီး လက်ရှိမှာတော့ ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမားဖြစ်သူ လူးဝစ်ဒန့်ကို ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေကာ အသင်းဘက်ကနေသာ ခေါ်ယူဖို့အတွက် သေချာမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင်သန်း၅၀လောက်အထိ ပေးချေသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။
(Unicode)
ဘရိုက်တန်နောက်ခံလူ ပေါင်သန်း၅၀ခန့်နဲ့ ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတဲ့ ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ Clean Sheet ပွဲပေါင်း (၅)ပွဲသာရှိခဲ့တဲ့အထိ ခံစစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ Transfer Ban ကနေ လွတ်မြောက်ခဲ့ပြီးနောက် အခုဆောင်းရာသီစျေးကွင်အတွင်းမှာ ခံစစ်ပိုင်းအားဖြည့်တင်းမှုကို လုပ်ဆောင်ဖို့ အစီအစဉ်ရှိလို့နေပြီး လက်ရှိမှာတော့ ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမားဖြစ်သူ လူးဝစ်ဒန့်ကို ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေကာ အသင်းဘက်ကနေသာ ခေါ်ယူဖို့အတွက် သေချာမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင်သန်း၅၀လောက်အထိ ပေးချေသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : Getty Images
ချယ်လ်ဆီးအသင်းရဲ့ဗဟိုနောက်ခံအပိုင်းမှာ ရူဒီဂါ ဇူးမား တိုမော်ရီနဲ့ ခရစ္စတန်ဆန်တို့လို ကစားသမားတွေ ရှိနေပေမယ့်လည်း ကစားသမားအားလုံးဆီမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့်မို့ ပွဲတိုင်းနီးပါးမှာ သွင်းဂိုးတွေကို ခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဆောင်းရာသီစျေးကွက်မှာပဲ အသက်၂၈နှစ်အရွှယ်ရှိ နောက်ခံကစားသမား လူးဝစ်ဒန့်ကို ခေါ်ယူသွားဖို့အတွက် မျက်စိကျလာခဲ့တာဖြစ်ကာ ပေါင်သန်း၅၀ပမာဏလောက်နဲ့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ်ရှိနေတယ်လို့ Time ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Getty Images
လူးဝစ်ဒန့်ဟာ အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ မွေးဖွားခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘရိုက်တန်လူငယ်အသင်းကနေ သူရဲ့ဘောလုံးသမားဘဝကို စတင်ခဲ့ကာ ဘရိုက်တန်စီနီယာအသင်းအတွက် ပွဲပေါင်းနှစ်ရာကျော်အထိ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ လက်ရှိဘရိုက်တန်အသင်းရဲ့အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဒန့်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁ပွဲပါဝင်ကစားထားနိုင်ခဲ့ပြီး နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို လက်လွတ်ထားခဲ့ရတဲဲ့ လက်စတာအသင်းဘက်ကနေ အစားထိုးသွားဖို့ ပစ်မှတ်ထားခံရဖူးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်အသင်းဘက်တွေကို သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့အထိ တိုက်စစ်စွမ်းရည်ကိုပါ ပြသထားနိုင်တဲ့ ဒန့်ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖို့အတွက် အထူးပစ်မှတ်ထားလျက်ရှိနေသလို အသင်းသားဟောင်းဖြစ်တဲ့ နာသန်အကီကိုလည်း အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားဖို့လည်း မျက်စိကျလို့နေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီကစားသမားတွေ မခေါ်ဆောင်ခင် အသင်းရဲ့နောက်ခံလူ ခရစ္စတန်ဆန်ကို အသင်းကနေ ရောင်းထုတ်သွားဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။