ချယ်လ်ဆီးအသင်းဟာ သိပ်မကြာခင်မှာပဲ နည်းပြ မော်ရီစီယိုပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ အလွန်ကို နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးကနေ အင်တာမီလန်အသင်းဆီ အငှားထွက် ကစားနေရတဲ့ တိုက်စစ်ကစားသမား လူကာကူဟာလည်း ပိုချက်တီနိုရဲ့လက်အောက်မှာ သူရဲ့ ချယ်လ်ဆီး ကစားသမားဘဝကို ပြန်ပြီး တဖန် စတင်ခွင့် ရရှိလာဖွယ် ရှိနေနိုင်တယ်လို့ မှတ်ချက်ပြုလာခဲ့ကြပါတယ်။

Photo Credit : Football London

ပီအက်စ်ဂျီ နဲ့ စပါးအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်ခဲ့သူ ပိုချက်တီနိုဟာ သူ ကျင်လည်ခဲ့ဖူးတဲ့ လန်ဒန်မြေဆီ ပြန်ရောက်လာဖို့ အတော်လေး နီးစပ်နေရပြီ ဖြစ်ပြီး ချယ်လ်ဆီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ အခြေအနေ ကောင်းနေတာကြောင့် မကြာခင်မှာပဲ အသေးစိတ် သဘောတူညီမှုပါ ရရှိနိုင်တော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ တကယ်လို့ ပိုချက်သာ ချယ်လ်ဆီး နည်းပြ ဖြစ်လာရင် လာမယ့်ရာသီထဲ ချယ်လ်ဆီးဆီ ပြန်ရောက်လာတော့မယ့် လူကာကူ အနာဂတ်က ဘယ်လို ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

Photo Credit : The Mirror

ဘယ်လ်ဂျီယံရဲ့ သွင်းဂိုးအများဆုံး ကစားသမား လူကာကူဟာ ၂၀၂၁ခုနှစ်ကမှ အင်တာကနေ ချယ်လ်ဆီးအသင်းဆီ ပေါင်(၉၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းမှာ flop ခဲ့လို့ နောက်တစ်ရာသီ အင်တာမီလန်ဆီ ပြန်လည် အငှားချခဲ့ရပါတယ်။ အင်တာမှာလည်း ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်ရပြီး ဒီနောက်ပိုင်း ပွဲတွေမှသာ သွင်းဂိုးတွေ သွင်းယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ လူကာကူကို အင်တာဘက်က အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒမရှိတော့ပဲ ချယ်လ်ဆီးဆီကိုသာ ပြန်လည် ပို့ဆောင်သွားဖွယ်သာ ရှိနေပါတယ်။

Chelsea to hold talks with Romelu Lukaku with Mauricio Pochettino likely to offer striker club lifeline | The US Sun

Photo Credit : The Sun

The Telegraph သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ချယ်လ်ဆီးအနေနဲ့ လူကာကူကို အသင်းနည်းပြသစ် ဖြစ်လာတော့မယ့် ပိုချက်တီနို လက်အောက်မှာ ကစားပေးဖို့ ဆန္ဒရှိ မရှိ မေးမြန်းသွားလိမ့်မယ်လို့ သိရပြီး လက်ရှိ အနေအထားအရ ချယ်လ်ဆီးဟာ အထောင်တိုက်စစ်ပိုင်းအတွက် ကစားသမား လိုအပ်နေတာဖြစ်လို့ လူကာကူကို အသင်းမှာ ပြန်လည် နေရာပေးဖို့ ရှိနေနိုင်တယ်လို့ သိရှိရပါတယ်။