ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်း ချယ်လ်ဆီးနဲ့ အီတလီစီးရီးအေရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းတို့ဟာ သူတို့အသင်းတွေရဲ့ ကစားသမားတွေကို အလဲအထပ်လုပ်ဆောင်သွားဖို့ ပြင်ဆင်လို့နေပြီး ချယ်လ်ဆီးဘက်ကနေ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုတို့ကို ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ ရာဘီအော့နဲ့ တောင်ပံတိုက်စစ်ကစားသမား ဘာနာဒက်စကီးတို့နဲ့ လဲလှယ်ဖို့အတွက် ဂျုဗင်တပ်စ်ဘက်ကို တောင်းဆိုထားခဲ့တယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။

Photo Credit : The Sun

ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဖြစ်သူဆာရီက မနှစ်က ဘောလုံးရာသီအတွင်း သူကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ စပိန်နောက်ခံအစွန်လူ မားကို့စ်အလွန်ဆိုတို့ကို ခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီးဘက်ကို ဆက်သွယ်လာခဲ့ရာ ချယ်လ်ဆီးဘက်ကလည်း ဒီကစားသမားတွေအတွက် ရာဘီအော့နဲ့ ဘာနာဒက်စကီးတို့ကို ပြန်လည်အလိုရှိနေတယ်လို့ တောင်းဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

နည်းပြဆာရီက ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ် ကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟိုကို ပုံမှန်အသုံးပြုခဲ့သလို အလွန်ဆိုကိုလည်း ဘယ်နောက်ခံနေရာမှာ အမြဲအသုံးပြုခဲ့တာဖြစ်ပေမယ့် ဒီရာသီမှာတော့ ကစားသမားနှစ်ယောက်လုံးက နည်းပြလမ်းပတ်လက်အောက်မှာ နေရာပျောက်နေတဲ့အတွက် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး သူတို့ရဲဲ့ဆရာဟောင်းဆာရီက ဂျုဗီအသင်းဆီ ဒီကစားသမားတွေကို ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ဘောလုံးအသင်းတွေက ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဝင်ငွေပိုင်းတွေ ထိခိုက်နေတာကြောင့် စျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေးတွေများစွာ သုံးစွဲဲနိုင်ဖွယ်မရှိတာကြောင့် ကစားသမားလဲလှယ်မှုတွေပဲ များစွာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးဘက်က သူတို့ကစားသမားနှစ်ယောက်ကို ဂျုဗင်တပ်စ်အသင်းဆီ ပို့ဆောင်ဖို့အတွက် ဂျုဗင်တပ်စ်ဘက်ကနေ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ကစားသမားနှစ်ယောက်ကို ပြန်လည်အလိုရှိနေတာဖြစ်ကာ ပြောင်းရွှေ့ကြေးတော့ ဂျုဗင်တပ်စ်ဘက်က အနည်းငယ်ပေးချေရနိုင်တယ်လို့ သိရှိရပါတယ်။