MySport Myanmar

ဒီဘားလားကို စာချုပ်လျော်ကြေး ပေးပြီး ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် ရိုးမားအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို (၁၂)သန်းနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပြီလို့ အီတလီ အခြေစိုက် TuttoMercatoWeb ကနေ ဖော်ပြလာခဲ့ပါတယ်။

အီတလီ စီးရီးအေ ကြယ်ပွင့်ဖြစ်သူ ဒီဘားလားဟာ ပါလာမို ဂျုဗင်တပ်စ် နဲ့ ရိုးမားအသင်းတို့နဲ့အတူ စီးရီးအေမှာ ဆယ်စုနှစ် တစ်ခုအထိ ကျင်လည်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းပေါင်းများစွာနဲ့လည်း အပြောင်းအရွှေ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီဘားလားက ဂျုဗင်တပ်စ်ကနေ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာလည်း ဒီဘားလားက စပါးအသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ ရိုးမားအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘားလားက ရိုးမားကို ပြောင်းရွှေ့စဉ်မှာ စာချုပ်ဖျက်သိမ်းကြေးကိုပါ ထည့်သွင်းထားခဲ့ပြီး လက်ရှိမှာ ဒါက သူရဲ့အနာဂတ်အတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။

ဒီဘားလား နဲ့ ရိုးမားတို့ကြားက စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့် (၁၅)ရက်နေ့အထိ စီးရီးအေပြင်ပ ကလပ်များအတွက် ယူရို (၁၂)သန်းသာ ရှိနေမှာဖြစ်ပြီး တကယ်လို့ ဒီကမ်းလှမ်းမှု ရှိလာခဲ့ရင် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့က ဒီဘားလားရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်နေမှာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်တွေရဲ့ ကမ်းလှမ်းမှုမှသာ ရိုးမားဘက်က ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Get Italian Football News

ဒီလို အချက်အလက်များကြောင့် ဒီဘားလားကို ဇန်နဝါရီ (၁၅)ရက်နေ့ မတိုင်ခင်မှာပဲ ယူရို (၁၂)သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကလပ်အသင်းများစွာက ကြိုးပမ်းလျက် ရှိနေပြီး ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းပါ ပါဝင်လာခဲ့ပါတယ်။

ချယ်လ်ဆီးက တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကို အာဖရိကဖလားပြိုင်ပွဲကြောင့် တစ်လနီးပါးလောက်အထိ လက်လွတ်ထားရမှာဖြစ်ပြီး အန်ကွန်ကူ ဘရိုဟာတို့ကလည်း ကြံခိုင်မှု အားနည်းလွန်းနေတာကြောင့် ဒီဘားလားလို အတွေ့အကြုံရင့် တိုက်စစ်ကစားသမားကို အလိုရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version