ဥရောပချန်ပီယံလိဂ် ချန်ပီယံအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို အရခေါ်ယူသွားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မခေါ်ယူဖြစ်ခဲ့ရင် Plan B အဖြစ်နဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗီလာရီးယဲလ်အသင်းမှာ သွင်းဂိုးစွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဂျရတ်မော်ရီနိုကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Youtube

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလားအထိပါ ရယူနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့တိုက်စစ်ပိုင်းက လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် နွေစျေးကွက်အတွင်းမှာ ဟာလန်းလို ထိပ်တန်းအဆင့်ရှိ တိုက်စစ်မှူးတစ်ယောက်ကို အသင်းဆီ အရောက်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းလို ငယ်ရွှယ်ပြီး တိုက်စစ်စွမ်းဆောင်ရည် ကောင်းလွန်းလှတဲ့ ကစားသမားမျိုးအတွက် ပြောင်းရွှေ့ကြေးကို မြင့်မြင့်မားမား ပေးချေရနိုင်သလို ဒေါ့မွန်အသင်းဘက်ကလည်း သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၇၀)လောက်အထိကိုပါ သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo Credit : Qlur

ချယ်လ်ဆီးဘက်ကနေ ဟာလန်းကို ခေါ်ယူဖို့အတွက် ဒေါ့မွန်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းဖို့ထက် တိုက်စစ်မှူးတမ်မီအေဘရာဟမ်နဲ့ ပြောင်းရွှေ့ကြေးတချို့နဲ့ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ကာ ဒီကမ်းလှမ်းချက်က အဆင်မပြေနိုင်ခဲ့ရင် Plan B အဖြစ်နဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မော်ရီနိုကို သတ်မှတ်ထားတာဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်တိုက်စစ်ကစားသမားဟာ လက်ရှိအချိန်မှာ စပိန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနေလျက်ရှိပြီး မနှစ်က ဘောလုံးရာသီမှာလည်း ဗီလာရီးယဲလ််အသင်းမှာ အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာလည်း ဗီလာရီးယဲလ်အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့ပြီး ချန်ပီယံဆုဖလားကို ပိုင်ဆိုင်နိုင်စေခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသိအတွင်း ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း(၃၀)အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးမော်ရီနိုကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လို့နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အင်တာမီလန် ညာနောက်ခံကစားသမား ဟာခီမီကိုလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ််လို့ သိရပါတယ်။