MySport Myanmar

အိုဆီမန်ရဲ့ အေးဂျင့်ဖြစ်သူတွေနဲ့ တိုက်ရိုက် ဆွေးနွေးနေတဲ့ ချယ်လ်ဆီး

ဒီနွေမှာ ကစားသမား ခေါ်ယူဖြည့်တင်းမှုတွေ အမြောက်အများ လုပ်ဆောင်လို့နေတဲ့ ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်ရဲ့ နောက်ဆုံးရက်မှာလည်း သူတို့အသင်းအတွက် big signing ကြီးတစ်ခုအဖြစ် နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနွေမှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဂျာအို ဖီးလစ် ၊ ပတ်ဒရို နက်တိုနဲ့ မာ့ခ် ဂီယူတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်ခင်မှာ အိုဆီမန်ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး အခုလည်း အိုဆီမန်ရဲ့အေးဂျင့်ဖြစ်သူတွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်လို့နေပါတယ်။

Photo Credit : Goal

လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အန်ကွန်ကူ ၊ နီကိုးလပ်စ် ဂျက်ဆင် ၊ မူဒရစ် ၊ စတားလင်း ၊ ဂျာအို ဖီးလစ် ၊ နက်တို ၊ ဂီယူ ၊ မာဒူအက်ကေး ၊ ဘရိုဟာ ၊ လူကာကူ ၊ အန်ဂျလို ၊ ဒါထရို ဖိုဖားနားနဲ့ ဝါရှင်တန်တို့လို ကစားသမားတွေ များစွာ ရှိလို့နေပြီး ဈေးကွက်မပိတ်ခင်မှာတော့ စတားလင်း ၊ ဘရိုဟာ ၊ လူကာကူနဲ့ ဖိုဖားနားတို့ကို အသင်းကနေ ရောင်းထုတ်သွားနိုင်ပါတယ်။

အနည်းဆုံး တိုက်စစ်ကစားသမား (၄)ဦးခန့်လောက်အထိ ရှင်းထုတ်သွားမယ့် ချယ်လ်ဆီးဟာ အထောင်တိုက်စစ်နေရာအတွက် အိုဆီမန်ကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး တကယ်လို့ အိုဆီမန်ကိုသာ မရခဲ့ဘူးဆိုရင်တော့ အဲဗာတန် တိုက်စစ်မှူး ကဲလ်ဗတ် လီဝင်ကို ပြောင်းလဲ ခေါ်ယူဖို့ပါ ချိန်ရွယ်ထားပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ အိုဆီမန်ကို ခေါ်ယူသွားဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့အပြိုင် ဆော်ဒီကလပ် အယ်လ်အာလီအသင်းကလည်း စိတ်ဝင်စားနေပြီး အယ်လ်အာလီအသင်းဟာလည်း အိုဆီမန်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ကိစ္စကို စောင့်ကြည့်လျက် ရှိလို့နေပါတယ်။

ချယ်လ်ဆီးကတော့ အိုဆီမန်ကို ခေါ်ယူဖို့ ဆောင်ရွှက်နေသလို မန်ချက်စတာ ယူနိုက်တက်မှာ နေရာမရနိုင်တော့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကိုလည်း အလိုရှိနေပြီး ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ရာဟင် စတားလင်းနဲ့ ကစားသမားချင်း တိုက်ရိုက် အလဲအထပ် လုပ်ဆောင်သွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Exit mobile version