ဒီနှစ်ဘောလုံးရာသီအစပိုင်းတုန်းက ကစားသမားသစ်ခေါ်ယူမှုကို ပိတ်ပင်ထားခံရလို့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အသင်းရဲ့လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ တမ်မီအေဘရာဟမ်လေးကို နေရာပေးလာခဲ့ရပြီး အေဘရာဟမ်ကိုယ်တိုင်ကလည်း သူ့ဆီရောက်လာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချရင်းနဲ့ အသင်းရဲ့တိုက်စစ်မှာ  အရေးပါလှသူဖြစ်လာခဲ့ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ဂိုးသွင်းယူထားကာ ခြေစွမ်းပြသထားနိုင်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းမယ့်ကိစ္စမှာ ကြန့်ကြာမှုဖြစ်ပေါ်နေတာကြောင့် ဒါကို အခြားအသင်းတွေကပါ အခွင့်ကောင်းယူဖွယ်ရှိနေပါတယ်။
မန်စီးတီးအသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုက လက်ရှိမှာ အသက်အရွှယ်ကြီးရင့်လာခဲ့ပြီဖြစ်လို့ သူရဲ့နေရာအတွက် အေဘရာဟမ်လို အရည်အချင်းပြည့်ဝတဲ့ လူငယ်တိုက်စစ်မှူးနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ အသင်းရဲ့ကြယ်ပွင့်ကစားသမားကို အသင်းကနေ မထွက်ခွာစေချင်ပဲ အသင်းမှာ နှစ်ရှည်လပေါင်းများစွာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် အေဘရာဟမ်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးတဲ့အခါမှာ သူရဲ့အသင်းဖော်ဖြစ်တဲ့ ဟတ်ဆန်အိုဒွိုင်း ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်၁သိန်း၈သောင်းအထိကို ပေးချေစေချင်နေပြီး ဒီပမာဏကို ပေးသင့်မပေးသင့်ဆိုတာ ဆွေးနွေးနေဆဲဖြစ်လို့ သက်တမ်းတိုးကိစ္စက ထင်ထားတာထက် ပိုမိုကြန့်ကြာနေရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ပစ်မှတ်ဖြစ်လာခဲ့တဲ့ အေဘရာဟမ်ဟာ ဘရစ္စတိုး ဆွမ်ဆီးနဲ့ ဗီလာတို့လို  အသင်းတွေမှာ အငှားနဲ့ကျင်လည်ခဲ့ဖူးပြီး လက်ရှိမှာ သူရဲ့တန်ကြေးက ယူရိုသန်း၅၀ခန့်လောက် ရှိနေပါတယ်။
(Unicode)
စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ အေဘရာဟမ်ကို မန်စီးတီးကနေ ပစ်မှတ်ထားလာခဲ့
ဒီနှစ်ဘောလုံးရာသီအစပိုင်းတုန်းက ကစားသမားသစ်ခေါ်ယူမှုကို ပိတ်ပင်ထားခံရလို့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲဲ့တိုက်စစ်ပိုင်းမှာ အသင်းရဲ့လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ တမ်မီအေဘရာဟမ်လေးကို နေရာပေးလာခဲ့ရပြီး အေဘရာဟမ်ကိုယ်တိုင်ကလည်း သူ့ဆီရောက်လာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချရင်းနဲ့ အသင်းရဲ့တိုက်စစ်မှာ  အရေးပါလှသူဖြစ်လာခဲ့ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ဂိုးသွင်းယူထားကာ ခြေစွမ်းပြသထားနိုင်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းမယ့်ကိစ္စမှာ ကြန့်ကြာမှုဖြစ်ပေါ်နေတာကြောင့် ဒါကို အခြားအသင်းတွေကပါ အခွင့်ကောင်းယူဖွယ်ရှိနေပါတယ်။
Photo Credit :Getty Images
အသက်၂၂နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ မနှစ်က ဘောလုံးရာသီမှာ အက်စတွန်ဗီလာအသင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်ဆီ ပြန်လည်တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်း သူရဲဲ့မူရင်းအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲဲ့အထောင်တိုက်စစ်နေရာမှာ ပုံမှန်နေရာရရှိနေလျက်ရှိကာ ပြိုင်ပွဲစုံမှာလည်း အသင်းအတွက် ၁၄ဂိုးတောင် သွင်းယူထားနိုင်ခဲဲ့ပါတယ်။ ဒါပေမယ့် လာမယ့်၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အေဘရာဟမ်ကို အသင်းမှာ နှစ်ရှည်လများစွာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ကိုတော့ အခုအချိနထိ အဆင်မပြေနိုင်သေးပဲ ဒီအခြေအနေကို မန်စီးတီးက စောင့်ကြည့်လာခဲ့ပါတယ်။
Photo Credit :Getty Images
မန်စီးတီးအသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုက လက်ရှိမှာ အသက်အရွှယ်ကြီးရင့်လာခဲဲ့ပြီဖြစ်လို့ သူရဲဲ့နေရာအတွက် အေဘရာဟမ်လို အရည်အချင်းပြည့်ဝတဲ့ လူငယ်တိုက်စစ်မှူးနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ အသင်းရဲ့ကြယ်ပွင့်ကစားသမားကို အသင်းကနေ မထွက်ခွာစေချင်ပဲ အသင်းမှာ နှစ်ရှည်လပေါင်းများစွာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် အေဘရာဟမ်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးတဲ့အခါမှာ သူရဲဲ့အသင်းဖော်ဖြစ်တဲ့ ဟတ်ဆန်အိုဒွိုင်း ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်၁သိန်း၈သောင်းအထိကို ပေးချေစေချင်နေပြီး ဒီပမာဏကို ပေးသင့်မပေးသင့်ဆိုတာ ဆွေးနွေးနေဆဲဖြစ်လို့ သက်တမ်းတိုးကိစ္စက ထင်ထားတာထက် ပိုမိုကြန့်ကြာနေရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲဲ့ပစ်မှတ်ဖြစ်လာခဲ့တဲ့ အေဘရာဟမ်ဟာ ဘရစ္စတိုး ဆွမ်ဆီးနဲ့ ဗီလာတို့လို  အသင်းတွေမှာ အငှားနဲ့ကျင်လည်ခဲ့ဖူးပြီး လက်ရှိမှာ သူရဲ့တန်ကြေးက ယူရိုသန်း၅၀ခန့်လောက် ရှိနေပါတယ်။