မနေ့ညက ကျင်းပသွားခဲဲ့တဲ့ အက်အေဖလား ပဥ္စမအဆင့် ရှံးထွက်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့က အကြိတ်အနယ်ရင်ဆိုင်ခဲ့ပြီး အိမ်ရှင်ချယ်လ်ဆီးအသင်းက ဝီလီယံ ဘာကလေတို့ရဲ့သွင်းဂိုးတွေနဲ့အတူ လီဗာပူးလ်အသင်းကို ၂ဂိုး ဂိုးမရှိနဲဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ပွဲလုံးအကောင်းဆုံးဆုကို ပိုင်ဆိုင်ခဲ့သူကတော့ အသင်းရဲ့စီနီယာကစားသမားတွေမဟုတ်ပဲ ဆယ်ကျော်သက်ကြယ်ပွင့်လေး ဘီလီဂေးလ်မောဖြစ်လို့နေပါတယ်။

Photo Credit : Getty Image

အသက်၁၈နှစ်သာရှိနေသေးတဲဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဂေးလ်မောဟာ မနေ့ညက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲဲ့ အက်အေဖလားပွဲအတွင်း အသင်းရဲ့ကွင်းလယ်မှာ ဘာကလေ ကိုဗာဆစ်တို့နဲ့အတူ တွဲဖက်ပြီး ပွဲထွက်ကစားခွင့်ရခဲ့သလို အသင်းအတွက်ကိုလည်း အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီဆယ်ကျော်သက်လေးရဲ့ခြေစွမ်းခြေစတွေကြောင့် သူ့ကို ဘောလုံးပရိသတ်တွေက ဇာဗီလက်သစ်လို့ပါ တင်စားခေါ်ဆိုခဲ့ကြသလို ပွဲစဉ်တလျှောက်လုံးရဲ့ အကောင်းဆုံးကစားသမားအဖြစ်နဲ့လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပွဲပြီးပြီးချင်းမှာပဲ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်လို့နေကြတဲ့ အလန်ရှီးယားလို့ နာမည်ကြီး ဘောလုံးသမားဟောင်းကြီးတွေကပါ ဂေးလ်မောရဲ့ကစားဟန်အပေါ် ချီးကျူးမှုတွေပြုလုပ်ခဲဲ့ကြပြီး အသင်းအတွက် အားကိုးအားထားရမယ့် ကစားသမားကောင်းတစ်ယောက် ဖြစ်လာမယ့်သူလို့ မှတ်ချက်ပြုခံခဲ့ရပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲဲ့ ဖာဘရီဂတ်စ်ကလည်း ဂေးလ်မောက ဘောလုံးနဲ့ပတ်သက်တဲ့ အရည်အသွေးတွေ အကုန်ပိုင်ဆိုင်ထားပြီး ဘောလုံးကစားနေရင်းနဲ့ ဘယ်သူ့ဆီကို ပေးပို့ရမယ် ဘယ်သူရဲ့ဘောလုံးသယ်လာမှုကို ဖြတ်တောက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်တတ်သူလို့ အမွှမ်းတင်ပြောဆိုသွားခဲ့ပါတယ်။ အခုလို ကန်တီဒဏ်ရာရနေချိန်မှာ ဂေးလ်မောလို ကစားသမားတစ်ယောက်ကို စီနီယာအသင်းမှာ အံ့ဝင်ခွင်ကျအောင် နေရာပေးလာနိုင်တာကလည်း လမ်းပတ်အတွက်တော့ ဘာအရင်းအနှီးမှ စိုက်ထုတ်စရာမလိုပဲ အမြတ်တစ်ခုလို့ ဆိုရမှာပါ။