ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်ပြင်သစ်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရူးကတော့ ဒီရက်ပိုင်းလေးအတွင်းမှာပဲ သူရဲ့ Social Media Account သစ်တစ်ခုအဖြစ် TikTok Account တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပြီး ဒီ TikTok Account မှာ ပထမဦးဆုံး Post တစ်ခုအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ သူကိုယ်တိုင် သွင်းယူနိုင်ခဲ့တဲ့ World-Class အဆင့် သွင်းဂိုး Video File တစ်ခုကိုပါ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Ruetir

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဂျရူးဟာ ပြီးခဲ့တဲ့ ဇွန်(၁)ရက်နေ့ကပဲ ချယ်လ်ဆီးအသင်းရဲ့ တရားဝင် Twitter Page မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်က အသင်းရဲ့ လေ့ကျင့်ရေးကွင်း Cobham ကွင်းမှာ လေ့ကျင့်ခန်းဆင်းနေရင်းနဲ့ သူသွင်းယူခဲ့တဲ့ သွင်းဂိုးဗီဒီယိုကို လှမ်းပို့ပေးဖို့ တောင်းဆိုခဲ့ပြီး သူရဲ့တောင်းဆိုမှုကို အသင်းဘက်ကနေ လုပ်ဆောင်ပေးထားပြီလို့ ပြန်လည်အသိပေးခဲ့ပြီးနောက်မှာ ဂျရူးက သူပရိသတ်တွေအနေနဲ့ သူရဲ့ဗီဒီယိုကို ကြည့်ချင်ရင် သူရဲ့ Social Media Account အသစ်မှာ ကြည့်နိုင်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo Credit : Yotube

အဲ့ဒီနောက် ဂျရူးရဲ့ ပရိသတ်တွေက ဂျရူးရဲ့ Social Media Account အသစ်ကို ရှာဖွေကြရာ ဂျရူးရဲ့ TikTok Account သစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး အဲ့ဒီ Account မှာလည်း ဂျရူးက သူရဲ့အလန်းစားသွင်းဂိုး Video File နဲ့အတူ “တော်လိုက်တာ ဂုဏ်ယူပါတယ်ကွာ မင်းတို့ ငါ့ကိုရှာတွေ့သွားခဲ့ပြီပဲ အားလုံးကို ငါရဲ့ TikTok ကနေ ကြိုဆိုပါတယ်” လို့ ပြောဆိုထားခဲ့သလို သွင်းဂိုး Video အပြီးမှာလည်း ဂျရူးက “ငါရဲ့ ပထမဆုံး TikTok Post က မဆိုးလှဘူးမလား။ အားလုံးပဲ ငါရဲ့ TikTok Channel ကို Subscribe လုပ်ထားပေးကြပါ။ ဘာလို့လဲဆိုတော့ ငါတို့တွေ ဒီနွေမှာ ဖြစ်ပေါ်လာမယ့် အရာတွေအားလုံးကို ဒီကနေ ဖော်ပြသွားမှာဖြစ်လို့ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဆုဖလားကို အရယူဆောင်နိုင်ခဲ့တဲ့ ဂျရူးဟာ အသင်းမှာ ပုံမှန်နေရာတစ်နေရာ ပျောက်ဆုံးနေရမှုကြောင့် ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲပြီးချိန်မှာ သူရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချဖွယ် ရှိနေပါတယ်။ ဂျရူးဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၈ခုနှစ်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ပြီး ဒီနှစ်နွေမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာဖြစ်သလို သူ့ကို အေစီမီလန်အသင်းကနေ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။