MySport Myanmar

ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းချက်ကို လစ်လျူရှုပြီး ချယ်လ်ဆီးမှာပဲ ဆက်နေခဲ့တဲ့ ကန်တေ

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားမားတစ်ယောက်ဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေကို ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာတုန်းက ပြင်သစ်အင်အားကြီး ကလပ်အသင်း ပီအက်စ်ဂျီက ခေါ်ယူဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဖုန်းနဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့ရာ ကန်တေဘက်က ဒီကမ်းလှမ်းမှုအပေါ် အကြောင်းတောင်မပြန်ခဲ့ပဲ ချယ်လ်ဆီးမှာပဲ ဆက်လက်ရှိနေခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသင်းကို ထိပ်တန်းကစားသမားတွေ ကြယ်ပွင့်ကစားသမားတွေနဲ့ တည်ဆောက်လို့ထားတဲ့ ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ပြင်သစ်ကွင်းလယ်လူ ကန်တေကို ဦးစားပေး ခေါ်ယူဖို့အတွက် အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပေမယ့်လည်း အခုထက်ထိကို အောင်မြင်မှု မရနိုင်သေးတာ ဖြစ်ပါတယ်။ ကန်တေဟာ တချိန်တုန်းက အင်တာဗျူးတစ်ခုမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ သူ့အတွက် ဆောင်ရွှက်ပေးမယ့် ဝန်ဆောင်မှုတွေကို သဘောကျမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့် အခုတစ်ကြိမ် ပီအက်စ်ဂျီအသင်းရဲ့ ဆက်သွယ်လာမှုကိုတော့ ပြန်လည်ဖြေကြားခြင်းတောင် မရှိပဲ လစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Daily Express

ကမ္ဘာ့ဖလားချန်ပီယံ ကန်တေဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး လက်စတာ ချယ်လ်ဆီးအသင်းတွေနဲ့အတူ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး အင်္ဂလန်မြေမှာ သူရဲ့ဘောလုံးသမားဘဝကို ကျင်လည်ခဲ့ရင်း ပရီးမီးယားလိဂ်နဲ့ အက်အေဖလားတို့လို ပြည်တွင်းဆုဖလားတွေအပြင် ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့လို ဆုဖလားကြီးတွေကိုပါ ရယူပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၁၆ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနေတဲ့ ကန်တေဟာ အသင်းနဲ့ ၂၀၂၃ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာ ဖြစ်ပေမယ့်လည်း အသင်းပြောင်းဖို့ထက် လန်ဒန်ကလပ်မှာသာ ဆက်လက်ရှိနေသွားဖို့သာ ဆန္ဒရှိနေတဲ့အတွက် အခုလို ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုအပေး ဘာမှ မတုံ့ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကန်တေဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်နဲ့ အက်အေဖလား ဆီမီးဖိုင်နယ်အဆင့်တွေကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဆုဖလားအောင်မြင်မှုတွေအတွက်သာ အာရုံစိုက်နေမှာဖြစ်ပြီး ရာသီကုန်မှသာ သူရဲ့အနာဂတ် အခြေအနေတွေကို ဆွေးနွေးညှိနှိုင်းဖွယ် ရှိနေပါတယ်။

Exit mobile version