ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ မေဆင်မောင့်ကတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့စဉ်က ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေနဲ့ ကစားခဲ့ရတာ ဖြစ်ပြီး ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့စဉ်က နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း (၇-၁) ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ  အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာကို ရရှိခဲ့တာကြောင့် လာမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ကစားခဲ့စဉ်က အိမ်ကွင်းမှာ (၃-ဝ) ရလဒ် နဲ့ အဝေးကွင်းမှာ (၄-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်ကတော့ ချန်ပီယံလိဂ် ပွဲစဉ်က နောက်တစ်ဆင့် ရောက်ဖို့ လိုအပ်နေပြီလို့ နားလည်စေခဲ့ကြောင်း ပြောခဲ့ပါတယ်။

Photo Credit: Goal

SportBible သတင်းမှာ မေဆင်မောင့်က “ချန်ပီယံလိဂ် ပြိုင်ပွဲက နောက်တစ်ဆင့်မှာ ရှိနေပါတယ်။ ပြိုင်ပွဲက ခြားနားတဲ့ ခံစားမှုကို ပေးတယ်။ ဘိုင်ယန်အသင်းမှာ မယုံနိုင်စရာ ကောင်းလွန်းတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိတယ်။ အဲဒီလူတွေက လီဝန်ဒေါ့စကီး၊ ကင်မစ်ချ် နဲ့ အယ်လ်ကန်တာတို့တွေပါ။ ကျွန်တော် သီယာဂိုရဲ့ အနားကို ကပ်တောင် မကပ်နိုင်ဘူး။ သူတို့က အသင်းလိုက် ဘောလုံးကို မြန်မြန် ကစားတယ်။ သူတို့လို ကစားသမားတွေနဲ့ ကစားတဲ့ အချိန်မှာ ဒီဟာကို ဘယ်လို ရပ်တန့်ရမလဲ ဆိုတာ တွေးမိလိမ့်မယ်။ အဲဒီပွဲစဉ်က ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ မျက်လုံး ပွင့်စေခဲ့တယ်။ ကျွန်တော့်ကို ဒီဟာက နောက်တစ်ဆင့် ဖြစ်တယ်လို့ နားလည်စေခဲ့တယ်။ ကျွန်တော် အဲဒီအဆင့်ကို ရောက်ဖို့ ကြိုးစားသွားပါမယ်”လို့ ပြောခဲ့ပါတယ်။