ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ နွေရာသီ ကစားသမားအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်အချိန်မှာပဲ အသင်းရဲ့လူအင်အားကို ဖြည့်တင်းသွားနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ကာ ပြင်ဆင်လာခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့အပြိုင် ဂျော်ဂျင်ဟိုကို ကမ်းလှမ်းရဖွယ်ရှိနေတယ်လို့ Telefoot သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit  : Premier League

Telefoot မီဒီယာရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းရဲ့နည်းပြဖြစ်သူ သောမတ်စ်တူချယ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားပိုကောင်းလာစေဖို့အတွက် အတွေ့အကြုံရင့် အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူချင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟိုကို ပီအက်စ်ဂျီနည်းတူ အာဆင်နယ်အသင်းကပါ ခေါ်ဆောင်သွားချင်နေပြီး နည်းပြအာတီတာကိုယ်တိုင် ဂျော်ဂျင်ဟိုကို နှစ်သက်သဘောကျသူဖြစ်လို့ အသင်းရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ ပါတေး အာဝါတို့လို ကွင်းလယ်လူတွေ ခေါ်ယူဖို့ ခက်ခဲနေချိန်မှာ ဂျော်ဂျင်ဟိုကိုပဲ ပြောင်းလဲကမ်းလှမ်းချင်နေတာဖြစ်ပါတယ်။

Photo Credit  : Premier League

ချယ်လ်ဆီးအသင်းကတော့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်(၂)ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲ လီဗာပူးလ်နဲပွဲစဉ်တွေအတွင်း အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့ရပေမယ့် လီဗာပူးလ်နဲ့ပွဲမှာ အသင်းအတွက် ပင်နယ်တီကန်ခွင့်ကို လွဲချော်စေခဲ့သလို ဝက်ဘရွန်းအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီနှစ်ရဲ့နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ အများအပြားကို ခေါ်ယူထားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကိုပါ ဆက်လက်ခေါ်ယူသွားချင်နေသေးတာမို့ အသင်းရဲ့ ကစားသမားတချို့ကို ရောင်းထုတ်ကာ ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အသုံးစရိတ် ရှာဖွေဖွယ်ရှိနေပြီး ရောင်းထုတ်သွားမယ့် ကစားသမားစာရင်းထဲမှာ ဂျော်ဂျင်ဟို ကန်တီ လော့တပ်ချိဖ် ရူဒီဂါတို့လို ကစားသမားတွေ ပါဝင်လို့နေပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ဂျော်ဂျင်ဟိုကို ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့က ပစ်မှတ်ထားနေကြသလို ကန်တီကိုလည်း အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ချဉ်းကပ်လို့နေကြပြီး လော့တပ်ချိဖ်ကိုတော့ အက်စတွန်ဗီလာအသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။