မန်ချက်စတာယူနိုက်တက်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ဘယ်နောက်ခံကစားသမားဟောင်းကြီး ပက်ထရစ်အီဗရာက ပြီးခဲ့တဲ့ တနင်းလာနေ့က France Football ကနေ ကျင်းပခဲ့တဲ့ Ballon d ‘Or ဆုပေးပွဲအတွင်း အမြဲချီးမြှင့်ပေးနေကြတဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ဂိုးသမား(Yachine Awards)ဆုမှာ ချယ်လ်ဆီးဂိုးသမား အက်ဒွါမန်ဒီက ဒုတိယနေရာသာ ရရှိခဲ့ပြီး အီတလီအသင်းနဲ့ ယူရို-၂၀၂ဝမှာ လက်စွမ်းပြ ဗိုလ်စွဲခဲ့တဲ့ ဂိုးသမား ဒွန်နာရမ်မာရဲ့နောက် ဒုတိယနေရာနဲ့သာအပေါ် မကျေနပ်နိုင်ခဲ့သလို ဒုတိယနေရာသာ ရရှိခဲ့တဲ့ မန်ဒီဘက်ကနေလည်း ရပ်တည်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Flipboard

ဆီနီဂေါလက်ရွေးစင် ဂိုးသမားမန်ဒီဟာ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းရဲ့ဂိုးပေါက်မှာ Clean Sheet များစွာ ရယူနိုင်ခဲ့သလို အသင်းနဲ့လည်း ဥရောပချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့် ဘာလွန်းဒေါရဲ့ အကောင်းဆုံး ဂိုးသမားဆုမှာတော့ ဒွန်နာရမ်မာရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့အပေါ် အီဗရာက “ဂိုးသမားတွေရောပဲ…အက်ဒွါမန်ဒီရော ဘယ်လိုလုပ်မလဲ။ ခင်ဗျားတို့ သိမှာပါ။ ဟုတ်တယ် အာဖရိကဖလားပြိုင်ပွဲ။ ငါတို့က မျောက်တွေမို့လို့ ဘယ်သူကမှ ဒီပြိုင်ပွဲအပေါ် မလေးစားကြဘူး”

Photo Credit : BBC

“ဒီပြိုင်ပွဲက တခြားပြိုင်ပွဲတွေနဲ့မတူပဲ ကလပ်အသင်းတွေကနေ (၃)ပတ်ခန့်လောက် ခဏထွက်ခွာပြီးမှ လာရောက်ယှဉ်ပြိုင်ရတဲ့ တစ်ခုတည်းသော ပြိုင်ပွဲတစ်ခု ဖြစ်နေတယ်။ ဒါကလည်း အာဖရိကမှာက ကျွန်တော်တို့အတွက် အမြဲတမ်းလိုလို နေရာနည်းနည်းလေးသာ ရှိနေလို့ပါ။ ဒါပေမယ့် ဒီအရာတွေက ပြောင်းလဲလာပါလိမ့်မယ်။ ပြောင်းကိုပြောင်းလဲလာပါလိမ့်မယ်” လို့ အင်စတာဂရမ်ပေါ်ကနေ ပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်ကစားသမားဟောင်း အီဗရာကိုယ်တိုင်ကလည်း ဆီနီဂေါနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အခုလုုိ တစ်နှစ်တာအတွင်း အကောင်းဆုံး လက်စွမ်းပြတဲ့ ဂိုးသမားချင်းအတူတူ မန်ဒီလို အာဖရိက ဂိုးသမားတစ်ဦးကို ချန်လှပ်ခဲ့ခြင်းက လူမျိုးရေး အသားအရောင် ခွဲခြားမှုတစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။ မန်ဒီဟာ လာမယ့်ဇန်နဝါရီလမှာလည်း အာဖရိကနိုင်ငံများဖလားကို သူရဲ့ဆီနီဂေါအသင်းအတွက် ဝင်ရောက်ဆင်နွဲရဦးမှာဖြစ်သလို ဒီရာသီအတွင်းမှာလည်း ချယ်လ်ဆီးအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ်။