လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့က လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့ခံစစ်ပိုင်း ပိုမိုတောင့်တင်းနေစေဖို့အတွက် အိုလံပီယာကော့စ် ဘယ်နောက်ခံကစားသမား ဆီမီကတ်စ်ကို ခေါ်ယူခဲ့ပြီးနောက် ဗဟိုခံစစ်နေရာအတွက်ကိုပါ နောက်ထပ်ကစားသမားတစ်ယောက်ကို ထပ်မံအလိုရှိနေပြန်ပြီး ချယ်လ်ဆီးအသင်းကနေ အရောင်းစာရင်းတင်ထားခဲ့တဲ့ ဂျာမန်လက်ရွေးစင် နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို ခေါ်ယူသွားဖို့ အံ့အားသင့်စဖွယ် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football.London

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ပိုင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားနေသူ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီအတွင်း ဝက်စ်ဟမ်းနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတွေကို အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ သူရဲ့ခံစစ်စွမ်းဆောင်ရည် မသေသပ်မှုတွေကြောင့် အသင်းက ရှံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို နည်းပြဖရန့်လမ်းပတ်က စိတ်ပျက်လျက်ရှိနေပြီး အသင်းရဲ့အရောင်းစာရင်းထဲမှာပါ ရူဒီဂါရဲ့နာမည်ကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

Photo Credit : Premier League

ဒီလိုအခြေအနေဖြစ်နေတဲ့ ရူဒီဂါကို လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကနေ အသင်းဆီ ခေါ်ယူအားဖြည့်သွားဖို့ ချိန်ရွှယ်လာခဲ့ပြီး ဇင်းနစ်အသင်းဆီကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဝါရင့်ခရိုအေးရှားနောက်ခံလူ ဒီဂျန်လိုဗရန်ရဲ့နေရာမှာ အစားထိုးဖွယ်ရှိနေပါတယ်။ ရူဒီဂါဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ရိုးမားအသင်းဆီကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၃၁)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ အက်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့ပေမယ့် လမ်းပတ်နည်းပြအဖြစ် ကိုင်တွယ်ချိန်နောက်ပိုင်းမှာ ခံစစ်ပိုင်းအားနည်းချက်တွေနဲ့အတူ ရူဒီဂါရဲ့ခံစစ်စွမ်းရည်တွေလည်း အနည်းငယ်ကျဆင်းလာခဲ့တာကြောင့် အသင်းကနေ ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ရူဒီဂါအပြင် ဇူးမားကိုလည်း အသင်းကနေ ရောင်းချဖွယ်ရှိနေပြီး လိဒ်စ်ယူနိုက်တက် နောက်ခံလူဘင်ဝှိုက် ဝက်စ်ဟမ်း နောက်ခံလူဒစ်ကလန်ရိုက်စ်နဲ့ မန်စီးတီး နောက်ခံကစားသမား ဂျွန်စတုန်းစ်တို့ကို ပစ်မှတ်ထားနေလျက်ရှိနေသလို လီဗာပူးလ်အသင်းကလည်း ချယ်လ်ဆီးအသင်းနဲ့အတူ နောက်ခံလူဘင်ဝှိုက်ကိုပါ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။