MySport Myanmar

အင်တာနဲ့ သက်တမ်းကုန်တော့မယ့် ပါရီဆစ်ကို ချယ်လ်ဆီးနဲ့စပါးတို့ စိတ်ဝင်စားနေ

လန်ဒန်မြို့အခြေစိုက် နာမည်ကျော် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ အင်တာမီလန်အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားကြီး အိုင်ဗန်ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေး အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Transfer Taverm

အသက်(၃၃)နှစ်အရွှယ်ရှိ ခရိုအေးရှားလက်ရွေးစင် ဝါရင့်တောင်ပံကစားသမားကြီး ပါရီဆစ်ဟာ ကစားသမားဘဝအတွင်းမှာ ဆိုးချော့ ကလပ်ဘရုဂျက် ဒေါ့မွန် ဝုလ်ဖ်ဘတ် ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိမှာလည်း အင်တာမီလန်အသင်းမှာ ပါဝင်လို့နေပါတယ်။ အင်တာအသင်းမှာ ၂၀၁၅ခုနှစ်ကတည်းက ပါဝင်နေတဲ့ ပါရီဆစ်ဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး အသင်းနဲ့လည်း တစ်နှစ်လောက် သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် သက်တမ်းတိုးမယ့်ကိစ္စ အဆင်မပြေခဲ့ဘူးဆိုရင် ပါရီဆစ်ကို အလွတ်ပြောင်းရွှကြေးနဲ့ ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနဲ့ စပါးအသင်းတို့က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

Photo Credit : Sempreinter

ပါရီဆစ်ဟာ ဘောလုံးရာသီ (၆)ရာသီထိ ဖြတ်သန်းခဲ့ပြီး ပွဲစဉ်ပေါင်း (၂၅၄)ပွဲထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၅၅)ဂိုး သွင်းယူနိုင်ခဲ့သလို ဒီရာသီ ကိုပါအီတလီယာဖလား ဖိုင်နယ်မှာပါ အင်တာကို ချန်ပီယံဖြစ်စေနိုင်မယ့် သွင်းဂိုး(၂)ဂိုးကိုပါ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဘောလုံးရာသီတိုင်းလိုလိုမှာ အင်တာမီလန်အတွက် ပွဲပေါင်း(၄၀)ထိ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ပါရီဆစ်ကို အင်တာဘက်က လက်လွတ်မသွားချင်သေးပဲ အသင်းမှာ အနည်းဆုံး တစ်ရာသီလောက်အထိ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြိုးပမ်းလျက် ရှိနေပေမယ့်လည်း လန်ဒန်မြို့ခံနှစ်သင်း စပါးနဲ့ ချယ်လ်ဆီးတို့က ပါရီဆစ်နဲ့ အင်တာတို့ရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်နေပြီး စာချုပ်ကိစ္စသာ အဆင်မပြေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ပါရီဆစ်ကို အပြိုင်ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ပါရီဆစ်အနေနဲ့ လက်ရှိအနေအထားအရ အင်တာနဲ့ သက်တမ်းတိုးသွားဖို့က အခြေအနေများနိုင်ပေမယ့်လည်း ကစားသမားဘဝကနေ အနားမယူခင်မှာ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ပါဝင်ကစားဖို့ ရရှိနေတဲ့ အခွင့်အရေးကို လက်လွတ်ဖို့က ဖြစ်နိုင်ခြေနည်းနေပြီး မကြာသေးခင်ကမှ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့နိုင်ဖွယ် ရှိတယ်လို့ ယူဆမိပါတယ်။

Exit mobile version