ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းဖြစ်တဲ​့ ချယ်လ်ဆီးအသင်းကတော့ ဆွီဒင်ကလပ် အသင်းဖြစ်တဲ့ ဂိုတန်ဘက်အသင်းရဲ့ လူငယ် ကွင်းလယ်တောင်ပံကစားသမား အက်ဒဝင် အန်ဒါဆန်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Express.com

အသက် ၁၇နှစ်အရွယ် အန်ဒါဆန်ဟာ ၂၀၁၈ ခုနှစ်မှာ ပရီးမီးယားလိ​ဂ် ကလပ်တစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းထံမှာ ခြေစွမ်း အစမ်းသပ်ခံခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ကလပ်အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိထားရပါတယ်။

Photo Credit: Express.com

အန်ဒါဆန်အတွက် ဂိုတန်ဘက်အသင်းက ပြောင်းရွှေ့ကြေး မည်မျှရသည်ကို မဖော်ပြထားပေမယ့် ဂိုတန်ဘက်အသင်းရဲ့ အကယ်ဒမီ နည်းပြဖြစ်သူ အောလ်ဆန်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အန်ဒါဆန်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အောလ်ဆန်က ” အက်ဒဝင် တစ်ယောက် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော်တို့က သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းချင်ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါပြီ ” လို့ ပြောဆိုသွားခဲ့ပါတယ်။