ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ Transfer Ban ခံထိထားခဲ့တာကြောင့်ရော အဲ့ဒီကိစ္စကနေ လွတ်မြောက်သွားချိန်မှာပါ ကစားသမားသစ်ခေါ်ယူမှုတွေ မပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက်ကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လျက်ရှိနေကာ မကြာသေးခင်ကမှ အေဂျက်စ်အသင်းရဲ့ မော်ရိုကိုတောင်ပံကစားသမား ဟာကင်ဇီယက်ရှ်ကို ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှု ရယူထားနိုင်ခဲ့သလို အခုလည်း လိုင်ယွန်ကွင်းလယ်လူ ဟူစိမ်အော်ဝါကိုပါ ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းက လာမယ့်ဘောလုံးရာသီမှာ ကစားသမားသစ်ခေါ်ယူမှုအပြင် အသင်းက ကစားသမားတွေများစွာကိုလည်း ရှင်းထုတ်သွားဖို့ရှိနေပြီး ချယ်လ်ဆီးကနေ ရှင်းထုတ်ခံရဖွယ်ရှိနေတဲ့ ကစားသမား(၈)ယောက်ထဲမှာ ကွင်းလယ်လူတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ဘာကလေတို့ပါ ပါဝင်နေတာကြောင့် ဒီကစားသမားတွေရဲ့နေရာမှာ ပြင်သစ်ကွင်းလယ်လူအော်ဝါနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ အသက် ၂၁နှစ်အရွှယ်သာရှိသေးတဲ့ ကွင်းလယ်လူအော်ဝါကတော့ လိုင်ယွန်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး Central Midfielder တစ်ယောက်ဖြစ်ပေမယ့် ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်သလို ကွင်းလယ်၃ယောက်တန်းရဲ့ ဘယ်ဘက်ခြမ်းမှာပါ ကစားနိုင်ဖြစ်ပါတယ်။

အယ်ဂျီးရီးယားနဲ့ ပြင်သစ်နွယ်ဖွား ကွင်းလယ်လူအော်ဝါက လိုင်ယွန်အသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်လို့နေပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံသွင်းဂိုး၉ဂိုးနဲ့ ဂိုးဖန်တီးမှု ရကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ အော်ရာဟာ ပြီးခဲ့တဲ့ကြားရက်တုန်းက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လိုင်ယွန်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အိမ်ကွင်းမှာ ဂျုဗင်တပ်စ်လို အသင်းမျိုးကို အနိုင်ကစားခဲ့ပါတယ်။ ဒီလို ကစားသမားမျိုးကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ် မန်စီးတီး အာဆင်နယ်တို့ကနေ ခေါ်ယူဖို့အပြိုင်စိတ်ဝင်စားနေခဲ့ရာကနေ အခုလည်း ချယ်လ်ဆီးအသင်းကပါ ထပ်မံစိတ်ဝင်စားလာခဲပြန်ပါတယ်။ လိုင်ယွန်ကတော့ သူတို့အသင်းရဲ့ကစားသမားကို အသင်းကနေ မဖြစ်မနေ ရောင်းချရမယ်ဆိုရင် အနည်းဆုံး ယူရိုသန်း၅၀ရမှသာ ရောင်းချမယ်လို့ သိရပါတယ်။