လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဘောလုံးဝေဖန်ရေးသမားအဖြစ်နဲ့ ဆောင်ရွှက်လျက် ရှိနေတဲ့ ဂျင်မီကာရေဂါက ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူဟာ ချယ်လ်ဆီးအသင်းအတွက်တော့ တချိန်ချိန်မှာ အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့ ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေရပြီး ချယ်လ်ဆီးတိုက်စစ်ကလည်း လူကာကူမပါဝင်မှ ပိုမိုကြောက်စရာကောင်းတဲ့ ပုံစံလို ဖြစ်နေရတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Lukaku has generally failed to impress since heading back to Chelsea in the summer

Photo Credit : Daily Mail

ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၉၇.၅)သန်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီ အဖွင့်ပွဲစဉ်မှာ အသင်းအတွက် တာထွက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အခုလက်ရှိချိန်ထိ သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၅)ဂိုးသာ ရှိထားသေးသလို ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ သူရဲ့စကားတွေကြောင့် နည်းပြတူဟယ်လ်နဲ့ အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ရပါတယ်။

Chelsea boss Thomas Tuchel has singled out Lukaku for criticism over the past month

Photo Credit : Daily Mail

ဒီလို အခြေအနေတွေ ရှိလို့နေတဲ့ လူကာကူနဲ့ပတ်သက်ပြီး ကာရေဂါက “ရိုမီလူ လူကာကူကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူစာချုပ်လိုက်တဲ့ အချိန်မှာ သူက မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့တဲ့ သူနဲ့ မတူညီတော့ဘူးဆိုတာကို အားလုံးသဘောတူခဲ့ကြတယ်။ (၆)လလောက်အကြာမှာတော့ ကျိုးကြောင်းညီညွတ်တဲ့ စောင့်ကြည့်မှု တစ်ခုကသာ သူ့ကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်ရောက်လာဖို့ လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ နည်းပြအန်တိုနီယိုကွန်တီက ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး အချိန်မတန်သေးကြောင်း သက်သေပြခဲ့တဲ့ လူကာကူနဲ့ (၂)နှစ် လက်တွဲခဲ့ပြီး သူရဲ့ ကစားပုံ နည်းဗျူဟာတွေကို ဘယ်လို မြင့်တင့်ပေးခဲ့ရသလဲ ဆိုတဲ့အကြောင်းကို အားလုံးက ပြောနေကြတယ်။ ဒါပေမယ့် သောမတ်စ်တူဟယ်လ်ကတော့ ယူနိုက်တက်အသင်းကနေ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားလို့ အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ရတဲ့ လူကာကူကို ကိုင်တွယ်နေရတာပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ချိန်ကိုက်ဗုံးတစ်ခု ရှိနေတယ်လို့ ကျွန်တော် ထင်ခဲ့ရတာ။ ဒီချိန်ကိုက်ဗုံးကြောင့် ကစားသမား အချင်းချင်းဆီမှာလည်း စိတ်ရှည်သည်းခံမှုတွေက ပျက်ပြားနေရတယ်။ သိပ်မကြာခင်က အင်တာဗျူးအပြီး အုတ်အုတ်ကျက်ကျက် ဖြစ်လာရခြင်းက နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကို အရိပ်အမြွက် ပြလိုက်သလိုပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။