ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ဂိုးသမားဖြစ်သူ ကယ်ပါကို အသင်းကနေ လက်လွတ်ဖို့ စီစဉ်လျက်ရှိနေတဲ့အပြင် သူရဲ့နေရာအတွက်ကိုလည်း ဂိုးသမားသစ် ပြန်လည်ဖြည့်တင်းဖို့အတွက် ဂိုးသမားသစ်တွေကို ရှာဖွေလို့နေပြီး ဘန်လေဂိုးသမားနစ်ပုဒ် အေဂျက်စ်ဂိုးသမားအိုနာနာ အေစီမီလန်အသင်းရဲ့ဂိုးသမားဒွန်နာရန်မာတို့ကို ပစ်မှတ်ထားလို့နေကာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့တဲ့ ဂျာမန်ဂိုးသမား တာစတီဂျန်ကိုပါ ထပ်မံပစ်မှတ်ထားလျက်ရှိနေပါတယ်။

Photo Credit : Sports Finding

ချယ်လ်ဆီးအသင်းရဲ့ စပိန်လက်ရွေးစင်ဂိုးသမားဖြစ်တဲ့ ကယ်ပါဟာ မနှစ်ကမှ ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ကာ ပထမရာသီမှာ သူရဲ့လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့်လည်း အခုရာသီမှာတော့ လက်စွမ်းပိုင်း အားနည်းချက်တွေဖြစ်ပေါ်လို့နေပါတယ်။ ဒီလို လက်စွမ်းတွေ ကျဆင်းလာခဲ့ရာကနေ ပေးဂိုးတွေ ခွင့်ပြုရတာများပြားနေရတာကြောင့် ကယ်ပါကို ချယ်လ်ဆီးအသင်က အသင်းရဲ့ပွဲထွက်စာရင်းကနေ ချန်လှပ်ခံလာရကာ လာမယ့်ဘောလုံးရာသီမှာ အသင်းကနေ ရောင်းထုတ်ခံရဖို့ နီးစပ်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : AS English

ကယ်ပါကို အသင်းကနေ လက်လွတ်ရဖို့ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ဂိုးသမားနေရာအတွက် လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်လို့နေတဲ့ ဂျာမန်ဂိုးသမား တာစတီဂျန်ကို ပစ်မှတ်ထားလာခဲ့ပြီး နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။ စတီဂျန်ဟာ ဘာစီလိုနာအသင်းရဲ့အမာခံဂိုးသမားတစ်ဦးဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းမှာ မက်ဆီ ဆွာရက်ဇ်တို့လို ကြယ်ပွင့်ကစားသမားတွေလောက် လုပ်ခလစာ ခပ်များများစားစားမရရှိသလို သူနဲ့တစ်တန်းတည်းရှိနေတဲ့ ထိပ်သီးဂိုးသမားတွေဖြစ်တဲ့ အီဒါဆန် နူအာ ကော်တိုအာတို့လောက်လည်း လစာမများတဲ့အပေါ်မှာ အလိုမကျဖြစ်နေတာကြောင့် ဘာစီလိုနာကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ကယ်ပါကလည်း အခုလက်ရှိမှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားနေရပြီဆိုပေမယ့် သူရဲ့လက်စွမ်းအပေါ် လမ်းပတ်ဘက်ကနေ သေချာစိတ်ချယုံကြည်နိုင်ခြင်းမရှိသေးတာကြောင့် နွေစျေးကွက်ဖွင့်ချိန်မှာ စတီဂျန် ဒါမှမဟုတ် တခြားဂိုးသမားတစ်ဦးဦးကို ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။