ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အလိုရှိနေတဲ့ ကစားသမားတွေရဲ့ တန်ကြေးတွေက မြင့်မားလွန်းနေတဲ့အတွက် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမိုဗာနာကိုပါ အသင်းကနေ ပြန်လည်ရောင်းချပြီး အသုံးစရိတ် ပြန်ရှာသွားဖွယ် ရှိနေတယ်လို့ Sky Sports Germany ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ လိုက်က်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အသင်းဟောင်း လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သွင်းဂိုးစုစုပေါင်း (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဗာနာဟာ အခုအသင်းသစ် ချယ်လ်ဆီးမှာတော့ သူရဲ့သွင်းဂိုးက (၁၂)ပဲ ရှိနေခဲ့ရတဲ့အထိ ဂိုးသွင်းစွမ်းရည် ကျဆင်းနေခဲ့ရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးဘက်က အခု နွေစျေးကွက်အတွင်း တိုက်စစ်မှူးသစ် ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့အပြင် အသင်းမှာ သွင်းဂိုးတွေ သွင်းယူဖို့ ရုန်းကန်နေရတဲ့ ဗာနာကိုပါ ပြန်လည်ရောင်းချသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Eurosport

အပြောင်းအရွှေ့စျေးကွက် စတင်ချိန်ကတည်းက ဗာနာရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာခဲ့ရပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့သေးသလို ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို ကမ်းလှမ်းရာမှာလည်း အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ဗာနာကို ထည့်သွင်းကမ်းလှမ်း သွားလိမ့်မယ်ဆိုတဲ့ သတင်းတွေဟာလည်း ဒီရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အခုလို ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကနေ ငြင်းဆန်ထားခဲ့ပေမယ့် အသင်းဘက်ကတော့ သူတို့ အလိုရှိနေတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အာလင်းဟာလန်း ခီယေဇာ ဟာရီကိန်း ကင်စလေကိုးမန်း ဂျက်ဂရီးလစ်ရှ်တို့ထဲက ကစားသမား(၂)ယောက်ခန့်လောက်ကို ခေါ်ယူသွားနိုင်ဖို့အတွက် အသင်းနဲ့ ပွဲဦးထွက်ရာသီမှှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဗာနာကို ပြန်လည်ရောင်းချချင်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်ထိ နွေစျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေ မပြုလုပ်နိုင်သေးပဲ အသင်းက ကစားသမားတွေဖြစ်တဲ့ ဂျရူး မော့ဆက် တိုမော်ရီ ဗန်ဂျင်ဂယ် ဂယ်လ်မော်တို့ကိုသာ အသင်းကနေ ရောင်းချထား အငှားချထားခဲ့ပါတယ်။