MySport Myanmar

ရှကရီညာကို ခေါ်ယူဖို့အတွက် လော့ဖ်တပ်ချိခ်ကို အလိုက်ပေးသွားဖို့ ပြင်ဆင်နေတဲ့ ချယ်လ်ဆီး

အခုနှစ် နွေဈေးကွက်အတွင်းမှာ ခံစစ်ကစားသမားတွေ ဦးစားပေး ခေါ်ယူသွားရဖွယ် ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ အင်တာမီလန်အသင်းရဲ့ နောက်ခံလူတွေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အင်တာ ဗဟိုနောက်ခံကစားသမား မီလန်ရှကရီညာကို အရခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ ကွင်းလယ်လူ ရူဘင်လော့ဖ်တပ်ချိခ်ကိုလည်း အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

လက်ရှိအချိန်မှာ နောက်ခံလူတွေဖြစ်တဲ့ အန်တိုနီယိုရူဒီဂါနဲ့ အန်ဒရေယပ်စ်ခရစ္စတန်ဆန်တို့ကို အသင်းကနေ လက်လွတ်ထားရတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ခံစစ်ကစားသမားတွေကို ပြန်လည်ဖြည့်တင်းသွားဖို့ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာလည်း အင်တာရဲ့ ဆလိုဗေးနီးယား နောက်ခံလူ ရှကရီညာကို ခေါ်ယူသွားဖို့အတွက် ချိန်ရွယ်နေတယ်လို့ သိရှိရပါတယ်။ အသက်(၂၇)နှစ်အရွယ် ဆလိုဗေးနီးယားလက်ရွေးစင် ဗဟိုခံစစ်ကစားသမား ရှကရီညာကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် ပီအက်စ်ဂျီ စပါးအသင်းတွေကလည်း ခေါ်ယူချင်နေကြပြီး အင်တာဘက်ကလည်း ရှကရီညာလို အသင်းရဲ့ main player တစ်ဦးကို မရောင်းချချင်ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

Photo Credit : CaughtOffice

ချယ်လ်ဆီးအသင်းဟာ ရှကရီညာကို ခေါ်ယူသွားချင်နေပြီး အင်တာဘက်ကတော့ သူတို့ကစားသမားအတွက် ပေါင်သန်း(၆၀)နဲ့ သန်း(၈၀)ဝန်းကျင်လောက်အထိ အလိုရှိနေတာဖြစ်ပေမယ့် ပေါင်သန်း(၅၀)လောက်အထိ လျှော့ချပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းက ရှကရီညာကို ခေါ်ယူသွားဖို့ ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ်ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အင်တာကလည်း သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ လူကာကူကို ချယ်လ်ဆီးကနေ ပြန်လည်ခေါ်ယူသွားချင်နေပြီး လူကာကူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရှကရီညာကို ပြန်အလိုရှိနေတာကြောင့် လူကာကူကို တစ်ရာသီအငှား ခေါ်ယူမယ်ဆိုရင် အငှားစရိတ်အတွက် ပေါင်သန်း(၂၀)အပြင် ရှကရီညာပါ တစ်ရာသီ အငှားချပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အင်တာဘက်က လူကာကူအတွက် အငှားခေါ်ယူခွင့်သက်သက်သာ ပေးချေသွားချင်တာကြောင့် ချယ်လ်ဆီးကလည်း ရှကရီညာအတွက် ပြောင်းရွှေ့ကြေး+လော့ဖ်တပ်ချိခ်ကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ထပ်မံပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Exit mobile version