MySport Myanmar

အန်ကွန်ကူကို ယူနိုက်တက်အသင်းထက် လက်ဦးမှု ရယူသွားဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီး

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကိုပါ ကျော်ဖြတ်ပြီး ဘွန်ဒစ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တဲ့ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ခရစ္စတိုဖာအန်ကွန်ကူကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် ချယ်လ်ဆီးအသင်းကပါ အလိုရှိလာခဲ့ပြီး လက်ဦးမှု ရယူသွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ကွန်ကူဟာ ၂၀၁ဝခုနှစ်မှာပဲ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး ၂၀၁၅ကနေ ၂၀၁၆ထိ ပီအက်စ်ဂျီ အရန်အသင်းမှာ ပါဝင်ခဲ့ရပြီးနောက် ၂၀၁၅ ဒီဇင်ဘာလမှာပဲ ပီအက်စ်ဂျီ စီနီယာအသင်းအတွက် ပါဝင်ကစားခွင့် စတင်ရရှိလာခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရတဲ့ အန်ကွန်ကူဟာ ၂၀၁၉ခုနှစ်မှာပဲ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဂျာမနီမြေမှာ မထင်ထားလောက်အောင် ခြေစွမ်းပြလာနိုင်တဲ့ အန်ကွန်ကူဟာ လိုက်ပ်ဇစ်ရဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football Talk

အန်ကွန်ကူဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ လိုက်ပ်ဇစ်အသင်းအတွက် (၃၅)ဂိုးထိ သွင်းယူပေးပြီး ဂိုး(၂၀)ထိကို ဖန်တီးပေးထားခဲ့ကာ (၅၅)ဂိုးထိကို ဂိုးပါဝင်ပတ်သက်ထားနိုင်ခဲ့တဲ့အပြင် လိုက်ပ်ဇစ်နဲ့ ဂျာမန်ပိုကယ်ဖလားကိုပါ ရယူထားနိုင်ခဲ့တဲ့ အန်ကွန်ကူကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူသွားချင်နေပြီး လိုက်ပ်ဇစ်အသင်းဘက်ကတော့ သူတို့ကစားသမားကို စာချုပ်သစ်သာ ချုပ်ဆိုချင်နေပြီး မဖြစ်မနေ ရောင်းထုတ်ရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ပေါင်သန်း(၈၀)လောက်အထိ အလိုရှိနေပါတယ်။ ယူနိုက်တက်ဘက်က အန်ကွန်ကူကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့်လည်း ချယ်လ်ဆီးအသင်းကလည်း အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယန်ပူလီဆစ် တီမိုဗာနာ ဟာကင်ဇီယာ့ဇ်တို့က ကစားသမားတချို့နဲ့ လက်တွဲဖြုတ်ဖွယ်ရှိပြီး ဒီကစားသမားတွေနဲ့သာ လမ်းခွဲဖြစ်မယ်ဆိုရင် အန်ကွန်ကူကို ယူနိုက်တက်ထက် ကြားဖြတ်ခေါ်ယူဖွယ် ရှိနေပါတယ်။ ပြင်သစ်-ကွန်ဂိုနွယ်ဖွား အန်ကွန်ကူဟာ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး လိုက်ပ်ဇစ်နဲ့ပါ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသူဖြစ်လို့ အသင်းပြောင်းဖြစ်မယ်ဆိုရင် ယူနိုက်တက်ထက် ချယ်လ်ဆီးအသင်းကိုသာ ပိုမိုရွေးချယ်ဖွယ် ရှိနေရပါတယ်။

Exit mobile version