MySport Myanmar

မန်ယူပစ်မှတ် အိုလစ်ဆီကို ကြားဖြတ် ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေတဲ့ ချယ်လ်ဆီး

လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိကပြိုင်ဘက်လို့ ဆိုရမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အိုလစ်ဆီကို ကြားဖြတ် ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း သိရပါတယ်။

လန်ဒန်မြို့ရဲ့ အအောင်မြင်ဆုံးကလပ် အဖြစ် တင်စားခံထားရတဲ့ ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ယခင်လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူကာ အသင်းကို မတည်ဆောက်တော့ပဲ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူပြီး အနာဂတ် အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကိုင်စီဒို ၊ လာဗီယာ ၊ ပါလ်မာ စတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လူငယ်ကြယ်ပွင့်တွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့သလို လာမယ့် နွေဈေးကွက် အတွင်းမှာလည်း အိုလစ်ဆီ အပါအဝင် ပရီးမီးယားလိဂ်ရဲ့ လူငယ်ကြယ်ပွင့် အများအပြားကို ခေါ်ယူဖို့ အစီအစဉ် ဆွဲနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ပဲလေ့စ်ကြယ်ပွင့် အိုလစ်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် ကြိုးပမ်းနေပြီး အိုလစ်ဆီက ဘယ်အသင်းဆီ ပြောင်းရွှေ့ဖြစ်မလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ်လို့ သိရှိရပါတယ်။

Photo Credit: Football 365

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက ဒီရာသီမှာ ခရစ္စတယ် ပဲလေ့စ်ရဲ့ တိုက်စစ်ကို မာတေတာ ၊ အက်ဇီး စတဲ့ ကစားသမားတွေနဲ့အတူ ဦးဆောင် ကစားနေသူ ဖြစ်ပြီး သူက ပဲလေ့စ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

အိုလစ်ဆီက ခရစ္စတယ် ပဲလေ့စ်နဲ့ ၂၀၂၇ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ပဲလေ့စ်က အိုလစ်ဆီ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေပြီး ခရစ္စတယ် ပဲလေ့စ်ဟာ အိုလစ်ဆီ အတွက် ပေါင် ၄၅သန်းနဲ့ ပေါင် ၆၀သန်းကြား ပမာဏ တရပ် တောင်းဆိုနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Exit mobile version