အသင်းကို နည်းပြသောမတ်စ်တူဟယ်လ် ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ပြီး ပွဲအနည်းငယ်သာ ကစားထားခဲ့ရတဲ့ တိုက်စစ်မှူးတမ်မီအေဘရာဟမ်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေလို အသင်းဘက်ကနေလည်း သူ့ကို ရောင်းထုတ်သွားဖို့ ရှိနေတဲ့အတွက် အေဘရာဟမ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားမယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Top Flight

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ အသင်းကို ဖရန့်လမ်းပတ် ကိုင်တွယ်ပြီးနောက်ပိုင်း အသင်းမှာ ပုံမှန်နေရာရလာခဲ့ပြီး သွင်းဂိုးတွေလည်း များစွာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်နဲ့ ချယ်လ်ဆီးတို့ လမ်းခွဲပြီးနောက် အသင်းကို တူဟယ်လ်ရောက်လာချိန် အေဘရာဟမ်လည်း နေရာပျောက်လာခဲ့ရသလို တူဟယ်လ်ကလည်း လာမယ့်စျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်ပါ ခေါ်ယူသွားဖို့ စီစဉ်နေတဲ့အတွက် အေဘရာဟမ်ကို ရောင်းထုတ်ဖို့ပါ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Evening Standard

သောမတ်စ်တူဟယ်လ်လက်အောက် ပွဲစဉ်(၄)ပွဲသာ ပါဝင်ကစားထားရတဲ့ အေဘရာဟမ်ကို ချယ်လ်ဆီးအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းမှု လုပ်လာခဲ့ရင် ရောင်းချသွားမယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ အေဘရာဟမ်ကို သူရဲ့ကလပ်အသင်းဟောင်းဖြစ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းကနေ ပြန်လည်ခေါ်ယူချင်နေပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် တိုက်စစ်မှူးဝက်စ်လေရဲ့နေရာမှ အစားထိုးသွားချင်နေပါတယ်။ ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ဝက်စ်လေဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည်ဆွဲတင်ပေးခဲ့တဲ့ အေဘရာဟမ်ကို ပြန်လည်အလိုရှိနေတာဖြစ်ပါတယ်။ အေဘရာဟမ်ဟာ အက်စတွန်ဗီလာမှာ ပါဝင်ကစားခဲ့စဉ်တုန်းက ပွဲပေါင်း(၄၀)အတွင်းမှာ သွင်းဂိုးစုစုပေါင်း (၂၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေဘရာဟမ်ကို ဗီလာနဲ့အပြိုင် အခြားသော ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။