ချယ်လ်ဆီးအသင်းကတော့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားဖွယ ရှိလို့နေတဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀) သတ်မှတ်ထားခဲ့ရာကနေ ဒီတန်ကြေးက သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက် အခက်အခဲ ဖြစ်နေရတာကြောင့် ချယ်လ်ဆီးဘက်ကနေ အေဘရာဟမ်ရဲ့ ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း(၃၀)ဝန်းကျင်လောက်အထိ လျှော့ချပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Evening Standard

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချယ်လ်ဆီးအသင်းကို ဖရန့်လမ်းပတ် ကိုင်တွယ်ပြီးနောက်ပိုင်း အသင်းမှာ ပုံမှန်နေရာရလာခဲ့ပြီး သွင်းဂိုးတွေလည်း များစွာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်နဲ့ ချယ်လ်ဆီးတို့ လမ်းခွဲပြီးနောက် အသင်းကို တူဟယ်လ်ရောက်လာချိန် အေဘရာဟမ်လည်း နေရာပျောက်လာခဲ့ရသလို တူဟယ်လ်ကလည်း အခုစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်ပါ ခေါ်ယူသွားဖို့ စီစဉ်နေတဲ့အတွက် အေဘရာဟမ်ကို ရောင်းထုတ်ဖို့ပါ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Football Reporting

ဒီလို အနာဂတ် မရေမရာ ဖြစ်လို့နေတ့ အေဘရာဟမ်ကို အာဆင်နယ်အသင်းအပါအဝင် အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားကြနေပေမယ့် ကစားသမားအတွက် ချယ်လ်ဆီးဘက်က သတ်မှတ်ထားတဲ့ ပေါင်သန်း(၄၀)ပမာဏက ဒီအသင်းတွေအတွက် များပြားလွန်းနေတာကြောင့် ခက်ခဲနေရပါတယ်။ ချယ်လ်ဆီးအသင်းဘက်ကတော့ ကနဦးပိုင်းက အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ အာလင်းဟာလန်းကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ အေဘရာဟမ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်ဘက်က အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် အေဘရာဟမ်ကို ဒီအတိုင်း ရောင်းချသွားဖို့ကိုသာ စီစဉ်လာခဲ့ရတာဖြစ်ပါတယ် လတ်တလောမှာတော့ အေဘရာဟမ်နဲ့ အပြောင်းအရွှေ့သတင်းအထွက်ဆုံး ဖြစ်နေတာက ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဖြစ်ပြီး ဥရောပဝင်ခွင့် ရရှိလို့ထားတဲ့ နောက်ထပ်လန်ဒန်အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းကလည်း အေဘရာဟမ်ကို အလိုရှိလို့နေပါတယ်။